ကျေးလက်အငွေ့အသက်လေးတွေနဲ့ Healing ဖြစ်စေမဲ့ ရှိုးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Regular Memberတွေအဖြစ် Moving ထဲက အတန်းခေါင်းဆောင်လေး Kim Do Hoon နဲ့အတူသူငယ်ချင်းတွေအဖြစ် လူသိများကြတဲ့ မင်းသမီး Shin Ye Eun ၊ Your Honorမှာ အတူ သရုပ်ဆောင်ရင်းညီအစ်ကိုလိုရင်းနှီးကြတဲ့ မင်းသား Heo Nam Jun တို့နှင့်အတူ Day6 အဖွဲ့မှ Young K နဲ့ Newtopiaထဲကမင်းသား Im Sung Jae တို့ကပါ ပါဝင်အားဖြည့်ထားပါတယ်။ ဒီရှိုးလေးကတော့ ရွာလေးတွေဆီကို သွားရောက်ပြီးတော့ ကျေးရွာဝေယျာဝစ္စတွေနဲ့ ရွာဓလေ့ပွဲတော်တွေအတွက်ကူညီပြင်ဆင်ပေးရင်း သူတို့ကြားထဲက friendshipကိုပါ မြင်ရမှာဖြစ်တဲ့အပြင် ရွာက ဘိုးဘိုးဘွားဘွားတို့ရဲ့အချစ်ကိုပါ သိမ်းပိုက်ကြမဲ့အဖွဲ့ပါ။ ဘယ်သူက ရွာရဲ့ အားကိုးရပြီး အတော်ဆုံး ခွေးပေါက်လေးအဖြစ် သတ်မှတ်ခံရမလဲဆိုတာကိုပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမှာဖြစ်တာကြောင့် ကျေးလက်အငွေ့အသက်တွေနဲ့ စိတ်အနားပေးချင်သူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။