The Untamed 陈情令 FHD

The Untamed 陈情令

ကျင့်ကြံခြင်းလောက(သူတော်လောက)ရှိ ထိပ်သီးဂိုဏ်းငါးဂိုဏ်းဖြစ်တဲ့ ဝမ်ဂိုဏ်း လန်ဂိုဏ်း ကျင်းဂိုဏ်း ကျန်းဂိုဏ်း  နျဲ့ဂိုဏ်းအဲဒီဂိုဏ်းကြီးငါဂိုဏ်းထဲကမှာ ဝမ်ဂိုဏ်းကကျင့်ကြံခြင်းလောကတစ်ခုလုံးကိုအုပ်စိုးဖိုကြံစည်လာတဲ့အခါ(ဂိုဏ်းကြီးငါးဂိုဏ်း-ချီရှန်းဝမ်ဂိုဏ်း ကူးစူးလန်ဂိုဏ်း လန်လင့်ကျင်းဂိုဏ်း ယွင်မုန့်ကျန်းဂိုဏ်း ချင်းဟယ်နျဲ့ဂိုဏ်း)အဲဒီပဋိပက္ခကြားထဲမှာမိစ္စာကျင့်စဉ်တွေကိုကိုရွံရှာမုန်းတီးတဲ့ သမာသမတ်ကျင့်ကြံခြင်းလောက(သူတော်လောက)မှာ  မိစ္စာစွမ်းအင်ကျင့်ကြံသူတစ်ယောက်ပေါ်ထွက်လာခဲ့တယ်သူကရီလင်အကြီးအကဲ(ရီလင်လောင်ဇူး)ဝေ့ဝူရှန့်ရီလင်အကြီးအကဲနဲ့ကျင့်ကြံခြင်းဂိုဏ်းတွေအားလုံးစုပေါင်း၍ ဝမ်ဂိုဏ်းကိုအမြစ်ဖြုတ်တိုက်ခိုက်တဲ့ နေမင်းဖြိုခွင်းတိုက်ပွဲဆင်နွဲခဲ့ကြတယ်နေမင်းဖြိုခွင်းတိုက်ပွဲအပြီးမှာကော ကျင့်ကြံခြင်းလောကတစ်ခုလုံးအေးချမ်းသာယာနိုင်ပြီလားကျင့်ကြံခြင်းလောက(သူတော်လောကမှာ)သူလိုမိစ္ဆာကျင့်ကြံသူတစ်ယောက်ကို လူတွေကကောဒီတိုင်းလက်ခံနိုင်ပါ့မလားထင်သလိုဖြစ်မလာခဲ့ပေ မိစ္စာကျင့်ကြံသူဟူသည့်အမည်နာမတစ်ခုတည်းကြောင့်ပင် တစ်လောကလုံး၏လေးစားကြောက်ရွံခြင်းကိုခံနေရသည့် ရီလင်းအကြီးအကဲ'ဝေ့ဝူရှန့်'ကိုအကြောင်းအမျိုးမျိုးကြောင့် တလောကလုံးက ဝိုင်းဝန်းသတ်ဖြတ်ခဲ့ကြတယ်ဝေ့ဝူရှန့်သေဆုံးပြီး ၁၆နှစ်ကြာမြင့်ပြီးနောက်လူတစ်ယောက်၏ဆင့်ခေါ်မှုကြောင့် အဲဒီလူရဲ့ကိုယ်မှာပြန်ဝင်စားလာခဲ့တယ်ဝေ့ဝူရှန့် ပြန်ဝင်စားလာရခြင်းရဲ့နောက်ကွယ်က တကယ့်အမှန်တရားကဘာများလဲ?ဝေ့ဝူရှန့်ကိုမုန်းတီးနေကြသူတွေကဘယ်သူတွေလဲ?ဝေ့ဝူရှန့်ပြန်လာဖိုစောင့်ဆိုင်းနေကြသူတွေကကောဘယ်သူတွေများလဲ?ပြန်ဝင်စားလာပြီးနောက် ဘာတွေများဆက်ဖြစ်ကြမလဲ?ကျင့်ကြံခြင်းလောကရဲ့အရှုပ်အထွေးတွေ အားပြိုင်မှုတွေ အမုန်းတရားကြားထဲကသံယောဇဉ်တွေအကြောင်းကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်