The Unwanted Undead Adventurer 望まぬ不死の冒険者 FHD

The Unwanted Undead Adventurer 望まぬ不死の冒険者

စွန့်စားသူ‌တွေနေထိုင်တဲ့မြို့တစ်မြို့မှာ Rentte ကတော့ ဆယ်နှစ်ကြာအတွေ့အကြုံရှိစွန့်စားသူဖြစ်ပေမဲ့ ဒုတိယအနိမ့်ဆုံးအဆင့်မှာပဲရှိသူပါ။ စွန့်စားသူအစည်းအရုံးကအဆင့်အလိုက် အလုပ်အမျိူးမျိူးပေးပေမဲ့ တစ်ကိုယ်တည်းလှုပ်ရှားသူဖြစ်တဲ့Rentte ကတော့တစ်နေ့မှာ လရောင်ပြန်ဝင်္ကပါထဲကို သွားဖို့ဖြစ်လာပါတယ်။အထဲမှာလျှို့ဝှက်လမ်းတစ်ခုကိုရှာတွေ့ပြီး စူးစမ်းမိရာက ကံမကောင်းစွာနဲ့ပဲနဂါးတစ်ကောင်သတ်တာခံလိုက်ရပါတယ်။ ဒါပေမဲ့ သူပြန်နိုးထလာတဲ့အခါမှာundead ဆိုတဲ့ အရိုးစု Rentte ဖြစ်နေပါပြီ။ ဝင်္ကပါထဲက အခြားမွန်းစတားတွေကိုသတ်ပြီး တည်ရှိမှုဆင့်ကဲပြောင်းလဲခြင်းဆိုတဲ့ အဆင့်မြင့်မွန်းစတားအဖြစ်ပြောင်းလဲနိုင်တာကိုသိရှိပြီးနောက် မွန်းစတားတွေစတင်နှိမ်နင်းပါတော့တယ်။နှိမ်နင်းပြီး‌တဲ့နောက်မှာ နာနာဘာဝအဖြစ်အဆင့်မြင့်သွားပြီး Rina ဆိုတဲ့လူသစ်လေးရဲ့အကူအညီနဲ့ မြို့ထဲကိုပြန်လာနိုင်ခဲ့တယ်။ စာတော်ပြီးအရင်ကလဲစွန့်စားသူဟောင်းဖြစ်တဲ့ မိန်းမလှလေး Lorraine ဆိုသူကတော့Rentte ရဲ့ငယ်သူငယ်ချင်းလေးပါ။ မြို့ထဲရောက်တာနဲ့ Lorraine ဆီ သွားပြီးအကူအညီတောင်းခံရင်း နှစ်ယောက်သား Rentte ရဲ့ပြဿနာအတွက်အဖြေရှာကြပါတော့တယ်။ Rentteက အမြင့်ဆုံး midthrillအဆင့်စွန့်စားသူဖြစ်ဖို့အိမ်မက်ရှိပြီး undead အဆင့်ကနေ လူနဲ့အတူဆုံးသွေးစုပ်ဖုတ်ကောင်ဖြစ်လာအောင်ကြိုးစားပါတော့တယ်။ သူငယ်ချင်း‌လေးပါပဲဆိုတဲ့Lorraine ရဲ့အကူအညီနဲ့ တကယ်ပဲ သွေးစုပ်ဖုတ်ကောင်အဆင့်ကိုရောက်နိုင်မလားဒါမှမဟုတ် စွန့်စားသူအစည်းအရုံးဆီမှာပဲ မိသွားမလား ဒါမှမဟုတ်လူစင်စစ် ပြန်ဖြစ်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းကိုကြည့်ပြီးအဖြေရှာလိုက်ရအောင်…