ကျွန်တော်တို့ Channel Myanmar ကနေ ယခုတစ်ခေါက်တင်ဆက်ပေးမဲ့ Show အသစ်လေးကတော့ကြည့်ရှုသူတွေအကုန်လုံးကို စိတ်အေး မျက်လုံးအေးစေမဲ့ Theme လေးဖြစ်တဲ့ ပင်လယ်ဘက်ကျေးရွာဘက်တွေမှာ အခြေခံရိုက်ကူးထားတဲ့ Fresh off the Sea season 2 ပဲဖြစ်ပါတယ်။Season 2 မှာတော့ Season 1 တုန်းက အစ်မကြီး ၂ ယောက်ဖြစ်တဲ့ မင်းသမီး Yeom Jung Ah၊မင်းသမီး Park Joon Myun တို့နှစ်ယောက်နဲ့အတူ season 1 က အစ်မငယ်နဲ့ အငယ်ဆုံးလေးအဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီး Ahn Eunjin နဲ့ influencer Dex အစား မင်းသမီး Lim Ji Yeon နဲ့မင်းသား Lee Jae Wook တို့ ပါဝင်ထားပါတယ်။နာမည်ကြီး အနုပညာရှင် ၄ ယောက်ဟာ မောင်နှမတွေအဖြစ် ပင်လယ်ဘက်က ကျေးရွာတစ်ရွက်မှာ၂ ညအိပ် ၃ ရက်နေကာ အဲဒီမှာပဲ မြည်းစမ်းနိုင်တဲ့ လတ်လတ်ဆတ်ဆတ် ရာသီစာတွေကို မြည်းစမ်းကာမစ်ရှင်အမျိုးမျိုးကိုလုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ပင်လယ်ပြင်ကြီးရဲ့အလှအပ ကိုရီးယားကျေးရွာအလှအပတွေနဲ့ မောင်နှမတွေရဲ့ ချစ်ဖို့ကောင်းတဲ့chemistry တွေကိုပါ မြင်တွေ့ရမှာမို့လို့ healing variety show လေးဖြစ်တဲ့ Fresh off the Sea season 2 ကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။