World of Street Woman Fighter 월드 오브 스트릿 우먼 파이터 FHD

World of Street Woman Fighter 월드 오브 스트릿 우먼 파이터

Reality FHD 2025-05-27 8.3

ကဲ ကျွန်တော်တို့ အကုန်လုံးစောင့်မျှော်နေခဲ့တဲ့ Mnet show ကြီး တစ်ခုဖြစ်တဲ့Street Woman Fighter, Street Man Fighter တို့နည်းတူ Dance Battle Competition ကြီးWorld of Street Woman Fighter ကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။“World” of Street Woman Fighter ဆိုတဲ့အတိုင်း အရင် season တွေနဲ့မတူဘဲ dance crew တွေဟာသူတို့ crew နာမည်အောက်ကအပြင် ကိုယ့်သက်ဆိုင်ရာ နိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ရမှာမို့လို့ပိုမိုပြင်းထန်မှာတော့ အသေအချာပါပဲ။Dance Crew တွေအနေနဲ့ကတော့ season 1 တုန်းက ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့Team Korea (Bumsup), ကမ္ဘာ့နာမည်ကြီး Dance Squad တစ်ခုဖြစ်တဲ့ Royal Family ရဲ့next generation လေးတွေ ပါဝင်တဲ့ Team New Zealand(Royal Family), Royal Family ရဲ့အဖွဲ့ဝင်ဟောင်းတွေ ပါဝင်တဲ့ Team Australia (Ag Squad), ဂျပန်ကို ကိုယ်စားပြုမဲ့Team Japan(RHTokyo) (Osaka Ojo Gang), USA ကိုယ်စားပြု Team USA(Motiv) တို့ပဲ ဖြစ်ပါတယ်။MC အနေနဲ့ Zerobaseone အဖွဲ့ရဲ့ leader Sung Hanbin, Judge တွေအနေနဲ့ Kpop ဖခင်ကြီးPark JinYoung (JYP), အရင် season တုန်းက special Judge အနေနဲ့ ပါဝင်ခဲ့တဲ့ Mike Song နဲ့ဒီ season ရဲ့ special Judge အဖြစ် Aliya Janell တို့ ပါဝင်ထားတာမို့လို့ ရှယ်မိုက် ရှယ်လန်းတဲ့show တစ်ခုဖြစ်တဲ့ World of Street Woman Fighter ကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။