ဟန်ဂေရီတီဗီစီးရီး Rise of The Raven ကတော့ ၁၅ ရာစုက ဉရောပမှာ အော်တိုမန်အင်ပါယာကို တိုက်ပွဲတွေမှာအနိုင်ယူခဲ့တဲ့ စစ်သည်တော်ယာနို့စ်ဟွန်ယာဒီအကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။တီဗီစီးရီးရဲ့ရိုက်ကွင်းအပြင်အဆင်၊ နန်းတော်ထဲကကြံစည်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာကျင့်ဝတ်တွေကိုသရုပ်ဖော်ပုံတွေက Game of Thrones ကို ပုံစံယူထားတာမြင်တွေ့ရပါတယ်။၁၄၅၆ ခုနှစ် ဟန်ဂေရီတပ်တွေကိုဉီးဆောင်ပြီး အော်တိုမန်အင်ပါယာရဲ့ကျူးကျော်မှုတစ်ခုကို အောင်မြင်စွာတွန်းလှန်နိုင်ခဲ့တဲ့ နာမည်ကျော်ဘဲလ်ဂရာဒဲဝန်းရံမှုဖြစ်ရပ်အထိဟွန်ယာဒီရဲ့စွန့်စားခန်းတွေကို စီးရီးတစ်လျှောက်မှာကြည့်ရှုရမှာပါ။ဟွန်ယာဒီရဲ့သတ္တိနဲ့ပြောင်မြောက်တဲ့စွမ်းရည်ကြောင့် ခရစ်ယာန်တွေရဲ့အဖြူရောင်သူရဲကောင်းဆိုတဲ့နာမည်ပြောင်တောင် ရရှိစေခဲ့ပါတယ်။တီဗီစီးရီးမှာတော့ ဟွန်ယာဒီရဲ့ဘဝ၊ မကောင်းသတင်းတွေ၊ နိုင်ငံရေးအာဏာလုပွဲတွေနဲ့အတူ ဝါစော၊ ရောမ၊ ဘဲလ်ဂရာဒဲနဲ့ဗီယင်နာက တော်ဝင်မိသားစုတွေကြားကြံစည်မှုတွေကိုပါ ကြည့်ရှု့ရမှာပါ။IMDb rating 7.6 ရရှိထားပြီး တိုက်ပွဲခန်းတွေကိုလည်း အရည်အသွေးမြင့်မြင့်ရိုက်ကူးထားတာကြောင့် လူကြိုက်များစေခဲ့တဲ့တီဗီစီးရီးတစ်ခုဖြစ်ပါတယ်။