ထူးထူးဆန်းဆန်း demi-human တွေနဲ့ တိုက်ခိုက်ပြီး Survive လုပ်ရတဲ့Dark Fantasy Anime မျိူးကို ကြိုက်တဲ့သူတွေဆိုရင်တော့ ဒီတစ်ခေါက်တင်ဆက်ပေးမယ့် Anime Series လေး အကြိုက်တွေ့စေမှာ သေချာပါတယ်။ဇာတ်လမ်းကတော့ Lag ဆိုတဲ့ ရွာလေးကို demi-human တွေ လာပြီးတိုက်ခိုက်တာကနေ အစချီထားပါတယ်။ အဲဒီခေတ်က ရွာတိုင်း နယ်မြေတိုင်းမှာနယ်မြေနတ်ဘုရားက ကာကွယ်ပေးထားတဲ့ စောင့်ရှောက်သူ ကိုယ်စီရှိကြပြီးသူတို့အတွက် demi-human တွေကို သတ်ပြီးရလာတဲ့ နတ်ကျောက်တုံးတွေကို စားဖို့ပေးရပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အဲဒီရွာက demi-humanတိုက်ခိုက်ရေးတပ်ဖွဲ့က Kai ဆိုတဲ့ကောင်လေးဟာ သူ့ဘော်ဒါတစ်ယောက်နဲ့လေ့ကျင့်နေရင်း ဒဏ်ရာရသွားပြီး အခြားကမ္ဘာလိုလို အတိတ်လိုလို နေရာတစ်ခုကိုမြင်လိုက်ရပါတယ်။ တကယ်တော့ သူက အဲဒီလို သူ့ရဲ့ အတိတ်လိုလို အိပ်မက်လိုလိုမမြင်ဖူး၊ မကြားဖူးတဲ့အရာတွေကို မြင်နေကြားနေရတာ ကြာနေပါပြီ။အဲဒါ သူက အဲဒီအိပ်မက်လိုလို အရာထဲကနေမှ မှော်ပညာဆိုတာကို သိခဲ့ရပြီးတိုက်ပွဲတွေမှာ အနိုင်ရဖို့နဲ့ သူ့ရဲ့ နယ်မြေကို ကာကွယ်နိုင်ဖို့ သူ့ဆီမှာ အံ့ဩစရာကောင်းတဲ့စွမ်းရည်ရှိမှ ဖြစ်မယ်ဆိုပြီး မှော်ပညာရှိလာဖို့ ကြိုးစားပါရော။ ဒီလိုနဲ့ တစ်နေ့မှာdemi-human တွေနဲ့ တိုက်ခိုက်ရင်း နတ်ကျောက်တုံးကို တစ်ယောက်တည်းစားပစ်လိုက်တော့သူ့ခန္ဓာကိုယ်က မဟားတရား သန်မာလာပြီး စောင့်ရှောက်သူလိုလို ဘာလိုလိုအစွမ်းနဲ့ သင်္ကေတတွေ ထွက်လာတဲ့အခါ…..ဒီမှာတင် Kai တစ်ယောက် သူလိုချင်တဲ့ အံ့ဩစရာ စွမ်းရည်တွေကို ရရှိပြီးစောင့်ရှောက်သူ ဖြစ်သွားမှာလား၊ သူ့ရဲ့ နယ်မြေကိုရော ကာကွယ်နိုင်ပါ့မလား၊“အားကြီးသူက ရရှိပြီး အားနည်းသူက ဆုံးရှုံးရတယ်” ဆိုတဲ့ ကမ္ဘာကြီးမှာရောKai တစ်ယောက် survive လုပ်နိုင်ပါ့မလားဆိုတာ ရင်တမမနဲ့ စောင့်ကြည့်ရမယ့်Series လေး ဖြစ်ပါတယ်။ ထုတ်လုပ်ပေးတဲ့ Studio ကတော့ Asahi Studio ပဲဖြစ်ပြီးDark Fantasy ကိုမှ Isekai Anime အမျိုးအစားလေးဆိုတော့ နောက်ပိုင်းမှာဘယ်လို လှည့်ကွက်တွေ အလှည့်အပြောင်းတွေ လာဦးမလဲဆိုတာကို ရင်ခုန် စိတ်လှုပ်ရှားစွာကြည့်ရှူခံစားပေးကြပါဦးရှင်။