S2 ကတော့ ရွန်ယာနဲ့ဘီခ်ဘော်ကာဆွန်တို့ရဲ့စွန့်စားခန်းတွေေ မိသားစုနဲ့သဘာဝတရားကြားကအခက်အခဲတွေကိုရင်ဆိုင်ရပုံတွေကို ဆက်လက်ရိုက်ကူးပြသထားပါတယ်။လူငယ်နှစ်ယောက်ရဲ့တောထဲမှာလွတ်လပ်စွာလှုပ်ရှားသွားလာနေထိုင်ရင်း အန္တရာယ်တွေကြုံရပုံ၊ မိတ်ဆွေသစ်တွေနဲ့တွေ့ဆုံရပုံ၊မိသားစုဆက်ဆံရေးအခက်အခဲတွေကိုရင်ဆိုင်ကြရပုံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။သီးခြားဓားပြအဖွဲ့နှစ်ခုဖြစ်တဲ့ဖခင်နှစ်ဉီးကြားကရန်ငြိုးတွေကြောင့် ရွန်ယာနဲ့ဘီခ်ဟာ အခက်အခဲတွေကို အတူတကွရင်ဆိုင်ကျော်လွှားပြီး တောထဲမှာ သူတို့ရဲ့လွတ်လပ်တဲ့ကိုယ်ပိုင်ဘဝကိုတည်ဆောက်ကြရင်းမိသားစုသံယောဇဉ်နဲ့သစ္စာတရား၊ လွတ်လပ်ခြင်းနဲ့တာဝန်ယူမှုတွေကို သတ္တိရှိရှိရင်ဆိုင်ခဲ့ကြပါတယ်။Astrid Lindgren ရဲ့နာမည်ကျော်ဝတ္ထုကိုအခြေခံထားပြီး ဂျပန်နဲ့ဆွီဒင်ပူးပေါင်းထုတ်လုပ်ထားတဲ့တီဗီစီးရီးမှာ သဘာဝအလှတရားတွေနဲ့အတူ လူတွေရဲ့နွေးထွေးတဲ့ဆက်ဆံရေးတွေကိုပါထည့်သွင်းရိုက်ကူးပြထားတာကြောင့် ကလေးပုံပြင်တစ်ခုကနေ လူကြီးတွေအတွက်ပါကြည့်လို့ကောင်းတဲ့စိတ်ကူးယဉ်အက်ရှင်စီးရီးတစ်ခုဖြစ်လာတာကိုမြင်တွေ့ရပါတယ်။