Your Forma ユア・フォルマ FHD

Your Forma ユア・フォルマ

ဒီစီးရီးလေးကတော့ ထွက်ထားတာမကြာသေးပဲ နည်းပညာပိုင်းနဲ့ စုံထောက်လိုဇာတ်ကားအကြောင်းတွေကို စိတ်ဝင်စားတဲ့သူတွေအတွက်တော့ ကြည့်ရှုလို့ကောင်းမှာပါ။ဇာတ်လမ်းကတော့ ၁၉၉၂ ခုနှစ်မှာ ဗိုင်းရပ်စ်ဦးနှောက်ရောင်ရောဂါကြီးကို ကုသဖို့အတွက်တီထွင်ခဲ့တဲ့နည်းပညာ Your Form ဟာ ယနေ့လက်ရှိနေ့စဉ်ဘဝအထိပါ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။ ဒါပေမဲ့ ဒီအဆင်ပြေတဲ့ ကိရိယာမှာအားနည်းချက်တစ်ခုရှိနေခဲ့တယ်။ ဒါကတော့ အသုံးပြုသူတွေရဲ့ တွေ့မြင်ရတဲ့မြင်ကွင်းနဲ့ကြားရတဲ့အသံ၊ခံစားချက်တွေကိုပါ မှတ်တမ်းတင်ထားနိုင်တာပါ။ အဲဒီမှာCyber စစ်ဆေးရေးမှုး Echika Heida အတွက်ကတော့ Your Forma ကိုသုံးပြီလူတွေရဲ့ မှတ်ဉာဏ်ထဲငုပ်ဝင်ကာ အခက်ခဲဆုံးရာဇဝတ်တွေကိုဖြေရှင်းဖို့ သက်သေရှာဖွေရတာကသူမရဲ့နေ့စဉ်လုပ်ငန်းတာဝန် ဖြစ်နေတာပေါ့။ ပြဿနာက သူက အလုပ်မှာအရမ်းတော်လွန်းတာကြောင့် သူ့ရဲ့လက်ထောက်တွေဟာ သူ့ရဲ့အရှိန်ကိုလိုက်မှီဖို့ကြိုးစားရင်းဦးနှောက်တွေပျက်ဆီးကုန်တာပါပဲ။ ဆိုတော့ လက်ထောက်အများအပြားကိုဆေးရုံမကြာခဏပို့နေရလို့ အထက်လူကြီးတွေက နောက်ဆုံးတော့ Echika နဲ့ အဆင့်တူတဲ့လက်တွဲဖော်တစ်ယောက်နဲ့ ပူးတွဲလုပ်ဆောင်ခိုင်းလိုက်ပါတယ်။ သူကတော့Harold Lucraft လို့ခေါ်တဲ့ ထက်မြတ်ပြီး ဉာဏ်ပြေးတဲ့ Amicus ဆိုတဲ့ စက်ရုပ်တစ်ကောင်ပဲ ဖြစ်ပါတယ်။အစပိုင်းမှာ ဒီဓာတ်မတည့်တဲ့အတွဲဟာ သူတို့ရဲ့အပြန်အလှန် သံသယတွေကိုဖြေရှင်းပြီးမကြာခင်မှာပဲ ကမ္ဘာတစ်ဝှမ်းကိုပျံ့နှံ့နိုင်တဲ့ အန္တရာယ်ရှိနည်းပညာဆိုင်ရာ ကူးစက်ရောဂါကိုတားဆီးဖို့ လုံလောက်တဲ့အရည်အချင်းတွေရှိပါ့မလားဆိုတာကို Sci-fi နဲ့ Mystery အရောလေးတင်ဆက်ပေးထားတာဖြစ်လို့ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာတော့…။