Super Cube 超能立方 FHD

Super Cube 超能立方

March လတုန်းက ထွက်ခဲ့တဲ့ Super Cube ဆိုတဲ့ တရုတ် Donghua လေးကတော့Solo Leveling နဲ့ဇာတ်လမ်း ခပ်ဆင်ဆင်လို့တောင် ပြောရမလားပါပဲ။အက်ရှင်ခန်းတွေကတော့ ရေလည်မိုက်ပြီး ကြမ်းပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ MC ဖြစ်တဲ့ Wang Xiaoxiu နဲ့ Yao ဆိုတဲ့ကောင်မလေးတို့ဟာငယ်ငယ်ကတည်းက အတူကြီးပြင်းလာကြတဲ့ ငယ်သူငယ်ချင်းတွေပါ။ တစ်ရက်မှာတော့သူငယ်ချင်းတွေ စုဝေးကြ အမှန်ပြောကြေးဂိမ်းဆော့ကြရင်းနဲ့ Yao ကသူကြိုက်နေတဲ့ကောင်လေးက Wang Xiaoxiu ဖြစ်တယ်ဆိုတာ ဝန်ခံလိုက်ပါတယ်။အဲဒီမှာတင် Yaoကို ကြိုက်နေတဲ့ လူဆိုးဂိုဏ်းကကောင်က Wang Xiaoxiu ကိုတံတားပေါ်ခေါ်ထုတ်ပြီး အနိုင်ကျင့်တာ လက်လွန်သွားပြီး Wang Xiaoxiu တစ်ယောက်မြစ်ထဲကို ပြုတ်ကျပါလေရော။ ရေထဲနစ်သွားပြီး သေတော့မယ်ထင်နေတဲ့ Wang Xiaoxiu ကရေထဲမှာ အလင်းရောင်တွေတောက်ပနေတဲ့ စတုရန်းပုံ ကျောက်တုံးလေး (Cube) ကိုကောက်ကိုင်မိချိန်မှာတော့…Ironman ရဲ့ AI ဖြစ်တဲ့ Jarvis လိုပဲ အသံတစ်သံ ပေါ်ထွက်လာပြီးတယ်လီပို့လုပ်လို့ရတဲ့ အစွမ်းတွေ၊ တိုက်ခိုက်စွမ်းရည်တွေ၊ အာရုံခံစွမ်းရည်တွေကိုရုတ်တရက်ပိုင်ဆိုင်သွားပါတယ်။ Cube ကို စတင်အသုံးပြုသူတစ်ယောက်အနေနဲ့အစွမ်းက နည်းနေသေးတာမို့ နောက်ထပ်အစွမ်းတွေတိုးလာဖို့ဆို တုံ့ပြန်မှုရှိတဲ့ကျောက်တုံးတွေထပ်ရှာဖို့ လိုအပ်လာပါတယ်။ တစ်ဖက်မှာလည်း ပူပူနွေးနွေးရည်းစားလေးကိုနှောက်ယှက်နေတဲ့ လူဆိုးဂိုဏ်းကကောင်တွေအပြင် Cube ရဲ့အကူအညီနဲ့ကျောက်တုံးတွေကိုရောဘယ်လိုဆက်ရှာမလဲ နောက်ပြီး ဒီ Cube ရဲ့နောက်ကွယ်ကအကြောင်းအရာက ဘာဖြစ်မလဲ ဘယ်လိုစိန်ခေါ်မှုပြင်းထန်တဲ့ ရန်သူတွေပေါ်ထွက်လာမလဲဆိုတာအပိုင်းဆက် စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်နော်။