လွန်ခဲ့တဲ့ ဟိုးခုနှစ်တွေတုန်းက Velto ဆိုတဲ့ နတ်ဆိုးဘုရင်အုပ်ချုပ်တဲ့ မသေမျိုးတွေနဲ့သူရဲကောင်း Garm တို့သေမျိုးတွေအုပ်စုဟာ စစ်မက်ဖြစ်ကြရင်း မသေမျိုးတွေကျရှုံးသွားပြီးVelto လည်း အနှစ် ၅၀၀ တိုင် အိပ်စက်သွားရပါတယ်။ သူပြန်နိုးထလာတဲ့အချိန်မှာကမ္ဘာကြီးက သူအုပ်ချုပ်ခဲ့စဉ်ကလိုမဟုတ်ဘဲ လူတွေနေတဲ့ကမ္ဘာနဲ့ မသေမျိူးတွေနေတဲ့ကမ္ဘာပေါင်းစပ်သွားပြီး ခေတ်လွန်ကမ္ဘာဖြစ်နေပါတယ်။ ၂၀၉၉ ခုနှစ်ကိုရောက်နေပြီးလူတွေက မှော်ပညာနဲ့ စက်ပစ္စည်းတွေကို တွင်ကျယ်စွာပေါင်းစပ်အသုံးပြုလာကြတယ်။ကမ္ဘာကြီးကို သိမ်းပိုက်မယ်လို့ကြွေးကြော်နေတဲ့ Velto တစ်ယောက် သူ့ရဲ့ယခင်ကလက်အောက်ခံ အမတ်ခြောက်ယောက်လည်း အကွဲကွဲအပြဲပြဲနဲ့ သေတဲ့သူကသေသစ္စာဖောက်တဲ့သူကဖောက်၊ အစွမ်းတွေလဲပျောက်၊ အလုပ်လဲမရှိနဲ့ ဒီကမ္ဘာကြီးနဲ့အံဝင်ခွင်ကျဖြစ်ဖို့ကြိုးစားရပါတော့တယ်။ ဒီလိုနဲ့ နတ်ဆိုးဘုရင်လည်း ဘေးနားကလူမြောက်ပေးတာနဲ့ Streamer ဖြစ်သွားလေသတည်း။ သူ့ကိုသစ္စာဖောက်သွားတဲ့မသေမျိူးMarcusu ကတော့ စက်ဆုပ်တဲ့အကြံဖြစ်တဲ့ မသေမျိူးတွေကိုလောင်စာအဖြစ်သုံးမယ့်ပရောဂျက်ကြီးကို Velto တစ်ယောက်တားဆီးနိုင်မလား။ ပျောက်ဆုံးနေတဲ့စွမ်းအင်တွေကိုပြန်ယူနိုင်ပြီး နတ်ဆိုးဘုရင် ပြန်ဖြစ်လာနိုင်မလားဆိုတာကိုကြည့်ရမှာပါ။ ကြိုက်တာတစ်ခုကတော့Opening အစမှာပါတဲ့သူတို့ Theme song ပါ။ ဇာတ်လမ်းနဲ့လိုက်ဖက်တယ်လို့ ခံစားရမိစေပါတယ်။နောက်ပြီး MC အနေနဲ့ အတည်ပေါက်ကြီးတွေနဲ့ စခွီထရအောင် ရယ်ရပါတဲ့အတွက်ကြည့်မိလို့နောင်တ မရစေရဘူးလို ပြောရင်း ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်။