ဒီနှစ်ထဲမှာ ထွက်ရှိထားတဲ့ ဂျပန် Anime ထဲက ရှားရှားပါးပါး ဆရာဝန်နဲ့ဆေးပညာစီးရီးလေးပဲဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်တွေကတော့ ရောဂါရှာဖွေစစ်ဆေးရေးဌာနရဲ့ဌာနမှူး ဒေါက်တာ Takao Ameku နဲ့ သူ့ရဲ့ လက်အောက်က ဆရာဝန်လေးဒေါက်တာ Yu Takanashi တို့ပဲ ဖြစ်ကြပါတယ်။ ဇာတ်လမ်းလေးကတော့Tenikai အထွေထွေဆေးရုံက ရောဂါရှာဖွေစစ်ဆေးရေးဌာနရဲ့ ဌာနမှူးလည်းဖြစ်၊ဆေးရုံရဲ့ ဒုတိယ အမှုဆောင် ဒါရိုက်တာလည်းဖြစ်ပြီး ဆေးရုံရဲ့ စပ်စုစိန်ဆရာဝန်ဂျပုမလေးဒေါက်တာ Takao ဟာ ထူးဆန်းတဲ့ ကိစ္စတွေ၊ အမှုတွေကို ဖြေရှင်းရတာစိတ်ဝင်စားတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလိုတွေ ဖြေရှင်းတိုင်း သူတစ်ယောက်တည်းလုပ်တာမဟုတ်ပဲ သူ့ရဲ့ လက်ထောက်ဖြစ်တဲ့ Kotori လို့ခေါ်တဲ့ ဒေါက်တာ Takanashi ကိုပါအမြဲတမ်း ဆွဲထည့်နေကြပါ။ ဒီတော့ ကိုယ့်ရဲ့ အထက်လူကြီးကိုလည်း မနိုင်တဲ့ဒေါက်တာ Takanashi ခေါ် Kotori နဲ့ မနိုင်စိန် လူပုစိတ်တို စုံထောက်ဆရာဝန်မလေးဒေါက်တာ Takao တို့ ဘယ်လိုပြဿနာတွေကို ဖြေရှင်းကြမလဲ ဆိုတာ ကြည့်ရပါမယ်။အပိုင်း 12 ပိုင်းပါဝင်ပြီး မတူညီတဲ့ စိတ်ဝင်စားစရာ ပဟေဠိဆေးပညာမှုခင်းတွေကိုအဆင့်ဆင့်ချိတ်ဆက်ပြီး ဖြေရှင်းကြတဲ့အပြင် နှစ်ယောက်သားကြားကတစ်ယောက်ကိုတစ်ယောက် ပြန်ပက်ကြတဲ့ ရယ်စရာဟာသလေးတွေလည်း ပါဝင်တော့ကြည့်ရတာ မပျင်းရတော့ဘူးပေါ့နော်။ နောက်ပြီး ဆေးပညာ အသုံးအနှုန်းတွေလည်းအများကြီးပါဝင်တော့ ဗဟုသုတရမှာတော့ အသေအချာပါပဲ။ ထုတ်လုပ်ထားတဲ့Studio ကတော့ Romance နဲ့ Slice of Life တွေကို အသားပေးရိုက်တဲ့ Anime တွေကိုထုတ်ပေးတတ်တဲ့ Project No.9 studio ပဲ ဖြစ်လို့ ကွာလတီပိုင်းလည်းတော်တော်ကောင်းတဲ့ထဲပါပါတယ်။ အဲဒီတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ စိတ်ဝင်စားစရာလည်းကောင်းတဲ့ ဒီဇာတ်လမ်းတွဲလေးကို ကျွန်တော်နဲ့အတူ လိုက်ပါကြည့်ရှုပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေရှင်…။