Lord of the Mysteries 诡秘之主 FHD

Lord of the Mysteries 诡秘之主

ဇာတ်လမ်းအကျဉ်းအ‌နေနဲ့ ဝတ္ထုရဲ့ အတွဲ၁ဖြစ်တဲ့ The Fool (သူရူးကြီး) ကအစပိုင်းအခန်းအနည်းငယ်ကိုပဲ အကျဉ်းပြောပြပါမယ်။သွေးနီရောင်လွှမ်းနေတဲ့လ‌ရောက်အောက်က ညတညမှာ ကျိုးမင်ယွဲတစ်ယောက်ခေါင်းအရမ်းကိုက်ပြီး နိုးလာခဲ့ဧ။်။ ရှေ့က စာရေးစားပွဲပေါ်တွင်လည်းခြောက်လုံးပြူးသေနတ်တစ်လက်နှင့် မှတ်စုစာအုပ်တစ်အုပ် ဖွင့်လျက်သားရှိ‌နေသည်။စာအုပ်ထဲတွင်ရေးထားသည့်စာက “ငါအပါအဝင် လူတိုင်းသေရတော့မယ်”ဟူ၍ပင်။လက်မှာလည်း သွေးတွေပေနေသဖြင့် အခန်းထဲရှိ မှန်ရှေ့ကိုသွားကြည့်လိုက်သည်။မှန်ထဲကနေ နားထင်‌ပေါ်က သေနတ်ဒဏ်ရာကို မြင်နေရပြီး ဦးနှောက်အတွင်းသားတွေလှုတ်စိလှုတ်စိဖြစ်နေသည်ကိုပါ တွေ့လိုက်ရ၏။ အထူးဆန်းဆုံးကတော့ မှန်ထဲရှိလူသည်ကျိုးမင်ယောင်ဟုတ်မနေပဲ ကလိုင်း မော်ရက်တီဆိုသော လူဖြစ်နေ၏။ – ကျိုးမင်ယောင်တစ်ယောက် အဘယ်ကြောင့် ကလိုင်း မော်ရက်တီအဖြစ် ဘဝကူးပြောင်းခဲ့သနည်း။– သေနတ်ဒဏ်ရာက ကိုယ့်ကိုကိုယ်သတ်သေခဲ့သဖြင့် ရခဲ့ခြင်းလော။ တပါးသူ၏ သတ်ဖြတ်မှုကြောင့် ရခဲ့ခြင်းလော။– ဦးနှောက်ကိုပါမြင်နေရသည်အထိ သေနတ်ဒဏ်ရာရထားသော်လည်း အဘယ်ကြောင့်မသေရသနည်း။– မှတ်စုစာအုပ်ထဲက စာသည် မည်သည့်အဓိပ္ပါယ်ဖြစ်သနည်း။– အရေးအကြီးဆုံးက ကလိုင်း မော်ရက်တီသည် မည်သူနည်း။ အစရှိတဲ့မေးခွန်းတွေကိုသိချင်ရင်တော့ ယခုထွက်ရှိလာတဲ့တရုတ်ကာတွန်းစီးရီးလေးကို ကိုယ်တိုင်ပဲကြည့်ရှုခံစား အဖြေရှာကြည့်ကြပါ။