Memoir of Rati จาฤกรติชา FHD

Memoir of Rati จาฤกรติชา

Drama War & Politics FHD 2025-06-20 8

Wanndee Goodday နဲ့အားလုံးရဲ့အသည်းကိုသိမ်းပိုက်သွားတဲ့ GreatInn ကနောက်ဆုံးတော့ comeback series နဲ့ ပရိသတ်တွေအားလုံးရဲ့အရှေ့ကိုပြန်လည်ရောက်ရှိလာခဲ့ပါပြီ။We are မှာပရိသတ်အားပေးမှုကိုတစ်ခဲနက်ရရှိထားခဲ့တဲ့ Aouboom ကလဲ side couple အဖြစ်နဲ့ပါဝင်ထားပါသေးတယ်။ထိုင်းဗုဒ္ဓဘာသာနှစ် ၂၄၅၈ခုနှစ် (ခရစ်နှစ် ၁၉၅၁ခုနှစ်) ပထမကမ္ဘာစစ်ကာလကိုနောက်ခံထားပြီးပြင်သစ်သံအမတ်ကြီးရဲ့စကားပြန်အဖြစ်ဆောင်ရွက်ပေးရတဲ့ မိဘမဲ့ကောင်လေးရာတီနဲ့ပညာရေးရုံးကမြို့စားမင်းထီတို့ကြားထဲမှာပေါက်ဖွားလာတဲ့ အချစ် ဇာတ်လမ်းလေးကို စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။အငြင်းပွားမှုတွေ အားပြိုင်မှုတွေကြားက ပေါ်ပေါက်လာခဲ့တဲ့ အချစ်ရေးမှာ ဘာအခက်ခဲတွေကြုံတွေ့ရမလဲ။မတိုးတက်သေးတဲ့ခေတ်အခြေနေမှာ သူတို့ရဲ့ဆက်ဆံရေးကို ဘယ်လိုမျိုးဖွင့်ဟရှေ့ဆက်ကြမှာလဲဆိုတာကို ရင်ခုန်ဝမ်းနည်းစွာနဲ့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒက်နဲ့မက်တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကနေ အဆင့်တက်လာပုံတွေကိုလဲတွေ့မြင်ရဦးမှာပါ။ပုံမှန်တွေနေကျ ဒီနေ့ခေတ် bl တွေထဲကရုန်းထွက်လာတဲ့ GMMTV ရဲ့ပထမဆုံး ရှေးခတ် bl ဇာတ်လမ်းနဲ့အတူပြန်လည်ရောက်ရှိလာတဲ့ GreatInn တို့နှစ်ယောက်ရဲ့ဇာတ်လမ်းလေးကို CM နဲ့အတူ သောကြာနေ့ညတိုင်းစောင့်မျှော်ကြည့်ရှုကြပါဦးနော် ။