The Summer Hikaru Died 光が死んだ夏 FHD

The Summer Hikaru Died 光が死んだ夏

Mystery Animation FHD 2025-07-06 9.667

ဒီတစ်ခေါက်မှာတော့ Anime ပရိတ်သတ်ကြီးကို rating အကောင်းစားတွေ ရရှိထားတဲ့Bl မကျ Bromance မကျ Horror ဆန်ဆန် Ongoing စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ ရွာတစ်ရွာမှာ ငယ်ငယ်လေးကတည်း တစ်ပူးပူး တစ်တွဲတွဲနေခဲ့ကြတဲ့Hikaru နဲ့ Yoshiki ဆိုတဲ့ ကောင်လေးနှစ်ယောက်ရှိပါတယ်။သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တစ်ယောက်နဲ့တစ်ယောက် အသေးအဖွဲလေးတွေကအစသတိပြုမိတဲ့အထိ ရင်းနှီးကြတဲ့ ဆက်ဆံရေးမျိုးပါ။ဆောင်းရာသီတစ်နေ့မှာ Hikaru က တစ်ယောက်တည်း တောင်တက်ဖို့ ထွက်သွားရင်း သေလောက်တဲ့ ဒဏ်ရာရသွားခဲ့ပါတယ်သူသေခါနီးအချိန်မှာ ထူးဆန်းတဲ့ မွန်းစတားတစ်ကောင်က သူ့ကို ဝါးမြိုလိုက်ပြီးသူ့ရဲ့ ခန္ဓာကိုယ်၊ ပုံပန်းသွင်ပြင်နဲ့ မှတ်ဉာဏ်တွေကိုပါ ရယူလိုက်ပါတယ်တဲ့။ဒီလိုနဲ့ တောင်ပေါ်က ပြန်ရောက်လာခဲ့ပြီး နွေရာသီရောက်လာခဲ့ပေမယ့် Yoshiki ကတော့ဒါက Hikaru မဟုတ်ဘူးဆိုတာ ခံစားမိနေပါတယ်တဲ့။Yoshiki အ‌နေနဲ့ ပြန်ရောက်လာတဲ့လူရဲ့ ရုပ်ရည်၊ အသံနဲ့ မှတ်ဉာဏ်တွေကHikaru နဲ့ တူနေပြီး Hikaru အစစ်မဟုတ်ဘဲ မွန်းစတားဆိုတာသိနေခဲ့ပေမယ့် သူ့ဘေးမှာ ရှိနေပေးရင် ရပြီဆိုတဲ့ အတွေးနဲ့ အကုန်လုံးကို လက်ခံပေးခဲ့ပါတယ်။ဒါပေမယ့် ရွာထဲမှာ ထူးဆန်းတဲ့ ကိစ္စတွေ ပေါ်ပေါက်လာခဲ့ပြီနောက်Hikaru ရဲ့ ဖြစ်တည်မှုနဲ့ ဆက်စပ်ပြီး ရှာဖွေရမှာတွေ ရှိလာခဲ့တဲ့အခါ….Hikaru နေရာကို အစားထိုးဝင်လာခဲ့တဲ့ အရာက အမှန်တကယ် ဘာကြီးလဲ၊ရွာထဲမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကရော တကယ်ပဲ သူနဲ့ သက်ဆိုင်နေတာလား၊နံဘေးမှာ ရှိနေပေးရင်ရပြီဆိုတဲ့ Yoshiki ကရော သူ့သူငယ်ချင်းနဲ့ ဆက်ပြီးအတူရှိနိုင်ပါ့မလား၊သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစသွားမလဲဆိုတာကိုရင်တစ်ထိတ်ထိတ်နဲ့ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် Anime လေး တစ်ခုဖြစ်ပါတယ်။ထုတ်လုပ်ပေးတာကတော့ Cygames Pictures Studio ဖြစ်ပြီး Horror Manga ကိုမှသူငယ်ချင်းနှစ်ယောက်ကြားက ဆက်ဆံရေးကို BL romance ဆန်ဆန်လေးနဲ့ရောစပ်ထားတာဆိုတော့ ကြည့်ရတာ အသစ်အဆန်းလေး ဖြစ်သွားတာမို့ ကျွန်တော်တို့နဲ့အတူ လိုက်ပါ စီးမြောပေးကြပါဦး။