Familier som vores FHD

Familier som vores

Drama Sci-Fi & Fantasy FHD 2024-10-20 7.2

လော်ရာဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့မိသားစုကိုမူတည်ပြီးဇာတ်လမ်းတွဲကိုလည်ပတ်ထားတာပါဒိန်းမာ့ခ်နိုင်ငံသူတစ်ယောက်ဖြစ်တဲ့ လော်ရာက မိဘတွေကွာရှင်းထားကြပြီးတော့ဆယ်ကျော်သက်ကျောင်းသူအဖြစ်နဲ့ အချစ်ဦးနဲ့တွေ့ပြီး စိတ်ကူးယဉ်နေတုန်းအချိန်သူ့အဖေဖြစ်သူက အိမ်ကိုရောင်းဖို့လုပ်နေတာ သူ့အတွက် အရာအားလုံးပြိုလဲသွားလိုက်သလိုပါပဲဒါပေမဲ့သူ့အဖေရှင်းပြချက်မှာတော့ ဒိန်းမာ့ခ်နိုင်ငံကြီးပင်လယ်ရေအောက်လွှမ်းမိုးခံရဖို့တဖြည်းဖြည်းနီးစပ်လာချိန်မှာ နိုင်ငံကလူတွေအမြန်ဆုံးထွက်သွားဖို့နဲ့ နိုင်ငံကိုပိတ်ချဖို့ပြင်ဆင်နေတဲ့အကြောင်းပါပဲဒါကိုလဲ အနားကပ်မှနိုင်ငံတော်သတင်းစာရှင်းလင်းပွဲရှင်းပြမှာဆိုပေမယ့် အဆက်အသွယ်ရှိသူတွေကတော့ ကြိုပြီးသိနေခဲ့တာပါအဲဒီထဲမှာ လော်ရာအဖေလဲအပါအဝင်ဖြစ်ပြီး နိုင်ငံကနေထွက်သွားရမယ့်အချိန် သူပိုင်ဆိုင်တဲ့အိမ်ခြံမြေဟာလဲတန်ဖိုးမဲ့ဖြစ်သွားမယ့်အချိန် ကျောင်းတွေပိတ် အလုပ်တွေရပ်နားပြီးအနီးအနားနိုင်ငံတွေဆီ အလုံးအရင်းနဲ့ပြောင်းရွှေ့ကြတော့မယ့်အရာတွေအနာဂတ်မှာ ဖြစ်နိုင်ချေရှိတဲ့ တည်ရှိမှုကိုစိန်ခေါ်နေမယ့်ဒီကပ်ဆိုးကြီးတစ်ခုကိုဆုံးဖြတ်ချက်တွေနဲ့ဘယ်လိုရင်ဆိုင်သွားကြမလဲဆိုတာကိုကြည့်ရှုရင်းကိုယ်တိုင်ပါဝင်အဖြေရှာရမယ့် စီးရီးတွဲပဲဖြစ်ပါတယ်