ဇာတ်လမ်းအကျဉ်းကတော့ လုံးဝမတည့်ကြတဲ့ Chidoriအထက်တန်းကျောင်းနဲ့ဘေးချင်းကပ်ရပ်မှာ Kikyo ဆိုတဲ့ မိန်းကလေးကျောင်းဆိုပြီး ရှိပါတယ်Kikyo မိန်းကလေးကျောင်းမှာဆိုရင် ကျောင်းသူအများစုက ချမ်းသာပြီးဂုဏ်သိက္ခာရှိတဲ့ မိသားစုတွေကနေ ဆင်းသက်လာကြတာပါChidoriအထက်တန်းကျောင်းကတော့ လုံးဝဆန့်ကျင်ဘက် ဂျလေဘီငကြောင် ကျောင်းသားတွေချည်းပါပဲတစ်နေ့မှာတော့ Chidoriကျောင်းက ကြမ်းတမ်းတဲ့အသွင်အပြင်နဲ့ စိတ်သဘောထားနူးညံ့တဲ့အထက်တန်းဒုတိယနှစ်ကျောင်းသား Rintaro Tsumugi ဟသူတို့မိသားစုဖွင့်ထားတဲ့ ကိတ်မုန့်ဆိုင်မှာ ဝင်ကူရင်း Kaoruko Waguriလို့ခေါ်တဲ့ဈေးဝယ်ကောင်မလေးနဲ့ တွေ့ဆုံရဖို့အကြောင်းဖန်လာပါတယ်Tsumugi အကြောင်းပြောရမယ်ဆိုရင်တော့ သူ့ရဲ့ ကြမ်းကြမ်းတမ်းတမ်းစရိုက်ကြောင့်လူတွေက သူ့ကိုလူဆိုးကောင်ဆိုပြီး မကောင်းမြင်ကြပြီး တုန်နေအောင်ကြောက်ကြသလောက်ကွယ်ရာမှာအတင်းတွေလည်းပြောကြပါသေးတယ် Tsumugi နဲ့ထိပ်တိုက်တွေ့တဲ့သူတိုင်းက ကြောက်ပြီးထွက်ပြေးကြတဲ့အထိပါပဲFoodieလေးတစ်ယောက်ဖြစ်တဲ့ Waguriက Tsumugiတို့ဆိုင်မှာကိတ်မုန့်တွေအများကြီးကို တစ်ယောက်တည်းလာစားနေတုန်း Tsumugiနဲ့ထိပ်တိုက်တွေ့ပါတော့တယ်Tsumugiကလည်း ကောင်မလေးတစ်ယောက်တည်းအများကြီးမှာစားထားတာကိုမြင်ပြီးလန့်…Waguriကလည်း ရှက်ပြီးလန့်ပြီး ထွက်ပြေးသွားပါတယနောက်တစ်ရက်မှာတော့ ကောင်မလေးက လန့်ပြီးထွက်ပြေးသွားရတဲ့အတွက်တောင်းပန်တဲ့အနေနဲ့ ကောင်လေးဆိုင်က ကိတ်မုန့်ကို ကောင်လေးကိုပြန်ပြီးဝယ်ကျွေးလိုက်ပါတယ်ဒီလိုနဲ့ အပြန်လမ်းမှာ Tsumugiကို ကြည့်မရတဲ့ကောင်တွေက ကောင်မလေးကိုTsumugiရဲ့ကောလာဟလတွေအတင်းတုတ်တော့ကောင်မလေးက လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီးမဆုံးဖြတ်ဖို့ပြောတော့ကောင်မလေးကို ဝိုင်းအနိုင်ကျင့်ကြပါတယ်အနိုင်ကျင့်နေတုန်း Tsumugiနဲ့တွေ့သွားတော့ အနိုင်ကျင့်တဲ့ကောင်တွေလည်း ထွက်ပြေးခဲ့ရပါတော့တယ်ကောင်လေးလည်း ကောင်မလေးကိုစိတ်မချတာနဲ့ ဘူတာထိလိုက်ပို့ပေးရင်း လမ်းမှာ ကောင်မလေးက ကောင်လေးကို ဟိုးအရင်ကတည်းကတွေ့ဖူးကြောင်းဘာညာဘာညာတွေ ပလီပလာကြရင်းနဲ့ကောင်မလေးက နောက်လည်းဆိုင်ကိုလာပြီးကိတ်မုန့်အတူတူစားကြမယ်လို့ကတိပေးရင်း အီစီကလီရိုက်သွားပါတယ်နောက်ရက်ကျ ကျောင်းမှာကောင်လေးက ကောင်မလေးအကြောင်းတွေးနေရင်းပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ကောင်မလေးက သူတို့ကျောင်းနဲ့ဘေးချင်းကပ်ရပ်ကလုံးဝမတည့်ကြတဲ့ မိန်းကလေးကျောင်းကဖြစ်နေပါတယ်လုံးဝမတည့်ကျတဲ ဆန့်ကျင်ဘက်ကျောင်းနှစ်ကျောင်းက ကောင်လေးနဲ့ကောင်မလေးဟာဘယ်လိုအခက်အခဲတွေရင်ဆိုင်ပြီး ဘယ်လိုတစ်တီတူးကြမလဲဆိုတာ ရင်ခုန်စွာစောင့်ကြည့်ရမှာဖြစ်ပါတယ်