နောက်ထပ်အမိုက်စားတစ်ကောင် ထပ်ထွက်လာပြန်ပါပြီ။ ဟိုးအရင်ရှေးခေတ်ကတည်းကOni ဆိုတဲ့ မကောင်းဆိုးဝါးမျိုးနွယ်စုနဲ့ Momotaro ဆိုတဲ့ ကာကွယ်သူမျိုးနွယ်စုဆိုတာနှစ်ပေါင်းများစွာ စစ်မက်ဖြစ်ပွားခဲ့လို့ ဒီနေ့ခေတ်ကို ရောက်ရှိနေခဲ့ပါပြီ။ Oni တွေMomotaro ဆိုတာလည်း ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိပေါ့။ အဲဒီမှာ Shiki ဆိုတဲ့လူဆိုးလူမိုက်လေးက မွေးစားအဖေဖြစ်သူနဲ့ အရက်ဆိုင်လေးဖွင့်ထားပြီး သားအဖနှစ်ယောက်ဘုနဲ့ဘောက်ပေါ့လေ။ ဒီလိုနဲ့ တစ်ရက်ကျ ထူးဆန်းတဲ့လူကြီးတစ်ယောက်က Shiki ကိုပလိန်းလာသတ်တဲ့အခါမှာတော့ ဖခင်ဖြစ်သူလည်း ဟန်ဆောင်ဖုံးကွယ်ထားတာတွေအကုန်အထုပ်ဖြည်ပြီး ရှင်းပြတဲ့အချိန် ကံဆိုးမိုးမှောင်ကျပြီး Shiki တစ်ယောက် ဘာတွေဆက်ဖြစ်မလဲ၊သူ့သရုပ်မှန်ကဘာတွေလဲ၊ နောက်ကလိုက်သတ်နေတာကရော ဘာအဖွဲ့အစည်းတွေလဲစသဖြင့် မေးခွန်းပေါင်းစုံနဲ့အတူ ရှည်လျားထွေပြားတဲ့ စွန့်စားခန်းခရီးရှည်တစ်ခု ဖြစ်ပေါ်လာတာကိုအက်ရှင်အလန်းစားတွေနဲ့ အပတ်စဉ် ကြည့်ရှုရမှာဖြစ်ပါတယ်ဗျာ…။