Viral Hit 喧嘩独学 FHD

Viral Hit 喧嘩独学

ဒီတစ်ခေါက်တော့ Korea webtoon(manhwa) ကိုမှ anime ပြန်ရိုက်ထားတဲ့ အက်ရှင်ဟာသဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အထက်တန်းကျောင်းသားလေး Yu Hobin ဟာအရပ်ပုပု လူကောင်သေးသေး ရုပ်ရည်ကလည်းသာမန် အဖေကအိမ်ကထွက်သွားတဲ့အပြင်အမေကလည်း ကင်ဆာရောဂါနဲ့ဆေးရုံတင်ထားရလို့ ပိုက်ဆံလည်းအဆင်မပြေရှာပါဘူး။ဒီကြားထဲ ကျောင်းမှာလည်း အနှိမ်ခံ အနိုင်ကျင့်ခံတစ်ယောက်လည်း ဖြစ်နေပါသေးတယ်။ဒီလိုနဲ့ သူ့ကိုအနိုင်ကျင့်နေကျ သူ့တို့ကျောင်းက new tuber cele တွေရဲ့ ဝင်ငွေကို သိသွားတဲ့အချိန်မှာတော့သူလည်း new tube ချန်နယ်ထောင်ကြည့်ဖို့ အကြံရသွားပါတယ်။ တစ်ရက်မှာ သူ့ကိုအနိုင်ကျင့်တဲ့ကျောင်းက new tuber တစ်ယောက်ဟာ သူ့အိမ်မှာ game streaming live လွှင့်ရင်းသူတို့၂ယောက်ရန်ဖြစ်သတ်ပုတ်နေကြတဲ့ မြင်ကွင်းက မတော်တဆ live ထဲမှာပါသွားပါတယ်။နောက်ရက်မှာတော့ အဲဒီ live videoက လူကြိုက်များပြီး ချက်ချင်းပဲပျံ့နှံ့သွားပါတယ်။ကြည့်ရှုသူအရေအတွက်အပေါ်မူတည်ပြီး new tubeကနေ ပိုက်ဆံတွေရတယ်ဆိုတာ သိလိုက်ရတဲ့အဲဒီ၂ယောက်ဟာ တမင်ပွဲတွေရှာပြီး live တွေလွှင့်ကြပါတော့တယ်။ တစ်ဖက်မှာလည်းYu Hobin အချိန်ပိုင်းအလုပ်လုပ်တဲ့ ကော်ဖီဆိုင်မှာ သူ့ရဲ့ crush ကောင်မလေး Bomi ဆိုတာရှိပါတယ်။တရက်မှာ Hobin တို့ကော်ဖီဆိုင်ကို သူ့တို့ကျောင်းက new tuber cele ကောင်ရောက်လာပြီးBomi ရဲ့ဖုန်းနံပါတ်ကိုတောင်းပေမယ့် Bomi ကဖုန်းနံပါတ်မပေးဘဲ ငြင်းဆန်ပြီး Hobinကဆိုင်ကနေပြန်ဖို့ပြောတာကြောင့် Hobin ကို တင်းနေတာပါ။ ဒီလိုနဲ့ Hobin ကို ကျောင်းမှာပိုပြီးအနိုင်ကျင့်ပါတော့တယ်။ Hobin ဟာ အိမ်မှာနေရင်း new tube video တွေကြည့်ရတာနှစ်သက်တဲ့သူတစ်ယောက်ဖြစ်ပြီး သူအနိုင်ကျင့်ခံနေရတာတွေကို ရှောင်တိမ်းနိုင်ဖို့တိုက်ခိုက်နည်းသင်ပေးမယ့် ချန်နယ်တွေရှာရင်းနဲ့ လျှို့ဝှက်ချန်နယ်တစ်ခုကို ရှာတွေ့သွားပါတယ်။Hobinတစ်ယောက် အဲဒီချန်နယ်ကနေ တိုက်ခိုက်နည်းတွေကိုသင်ယူပြီး အနိုင်ကျင့်တဲ့သူတွေကိုဘယ်လိုပြန်ပြီးပညာပြမလဲ။ သူ့ crush လေး Bomiနဲ့ရော ဘာတွေဆက်ဖြစ်မလဲဆိုတာစိတ်လှုပ်ရှားစရာအက်ရှင်တွေကို ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။