Medalist メダリスト FHD

Medalist メダリスト

Drama Animation FHD 2025-01-05 8.583

Inori Yuitsu ဆိုတဲ့ ငါးတန်းကျောင်းသူလေးဟာ သူ့အစ်မဖြစ်သူ စကိတ်စီးတာကိုကြည့်ပြီးငယ်စဉ်ကတည်းက ရေခဲပြင်စကိတ်စီးသူ ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့်လည်း အစ်မဖြစ်သူကိုယ်တိုင်ရေခဲပြင်စကိတ်စီးရင်း ဒဏ်ရာအပြင်းအထန်ရသွားတာမို့ သူ့အမေက Inori ကို စကိတ်စီးဖို့လုံးဝ ခွင့်မပြုခဲ့ပါဘူး။ အဲဒါကြောင့် Inori က သူကိုယ်တိုင်ပဲ စာအုပ်တွေဖတ်၊ အိမ်နားလေးကစကိတ်ကွင်းမှာပဲ‌ လေ့ကျင့်ရင်း ကိုယ့်ဘာသာသင်ယူနေရတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ ရပ်ကွက်ထဲကစကိတ်ကွင်းမှာ လေ့ကျင့်ဖို့ရောက်လာရင်း အဝတ်လဲခန်းထဲမှာ Tsukasa Akeuraji ဆိုတလူနဲ့တွေ့ပါလေရော။ Tsukasa ကလည်း ငယ်စဉ်ကတည်းက တစ်ကိုယ်တော် ရေခဲပြင်စကိတ်သမားဖြစ်ဖို့ဝါသနာထုံခဲ့သူဖြစ်ပေမယ့် အခြားသူတွေနဲ့ယှဉ်ရင် အလယ်တန်းရောက်မှ စတင်ခဲ့ရတာပါ။ဒါပေမယ့် အကြောင်းအမျိုးအမျိုးကြောင့် စကိတ်စီးတာကို ရပ်နားခဲ့ပြီး ရေခဲပြင်စကိတ်ကလပ်တစ်ခုရဲ့လက်ထောက်နည်းပြလုပ်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ Inori ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီးအဲဒီကလေးမလေးက သူလက်ထောက်နည်းပြလုပ်မယ့် ကလပ်ကို ရောက်လာခဲ့ပါရော။ Inori ရဲ့အမေကသူ့သမီးကို ရေခဲပြင်စကိတ်စီးတယ်ဆိုတာ ၅ နှစ်လောက်ကတည်းက စသင့်တာဖြစ်ပြီး အခုအချိန်မှလုပ်ရင်မဖြစ်နိုင်တော့ကြောင့် အခြားကလေးတွေနဲ့ ယှဉ်ပြနေတာကို တွေ့လိုက်တော့ Tsukasa တစ်ယောက်သူကိုယ်တိုင် Inori ရဲ့ နည်းပြအဖြစ် လုပ်ပေးပါ့မယ် ကလေးကို စကိတ်စီးခွင့်ပေးပါ ဆိုပြီး Inori ရဲ့ အမေကိုတောင်းဆိုခဲ့ပါတယ်။ ဒီ‌တော့ Inori ရဲ့ အမေကရော Inori ကို ရေခဲပြင်စကိတ်စီးဖို့ ခွင့်ပြုပေးမှာလား၊သူများတွေနဲ့ယှဉ်ရင် အများကြီးနောက်ကျမှ စတင်ခဲ့တဲ့ Inori ကရော စကိတ်စီးခွင့်ရပြီး နည်းပြဖြစ်သူTsukasa နဲ့ သူ့ရဲ့အိပ်မက်တွေကို အကောင်အထည် ဖော်သွားနိုင်ပါ့မလားဆိုတာကို စိတ်ပါဝင်စားစွာစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ဆောင်တွေရဲ့ ဇွဲမလျှော့တဲ့ ကြိုးစားအားထုတ်မှုတွေကို ကြည့်ပြီးကိုယ့်ကိုယ်တိုင်ပါ ကြိုးစားချင်စိတ်တွေ တစ်ဖွားဖွားဖြစ်လာစေနိုင်တဲ့ အားကစားအခြေစိုက်ဒရမ်မာဇာတ်လမ်းကောင်းလေးဖြစ်လို့ ကြည့်ရှုသူတွေအနေနဲ့ လက်လွှတ်မခံသင့်တဲ့Anime Series လေး တစ်ခုပဲ ဖြစ်ပါတယ်ရှင်။