The librarians : The Next Chapter ကတော့ fantasy, adventure, action ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ဗစ်ခရမ်ချိန်ဘာလင်း လို့ခေါ်တဲ့ စာကြည့်တိုက်မှူး မှော်ဆရာတယောက်က အချိန်ခရီးသွားရင်း ၁၈ရာစုကနေ လက်ရှိ၂၁ရာစုကိုရောက်ရှိလာခဲ့ပြီး သူ့အချိန်ကိုပြန်သွားဖို့ကြိုးစားရင်းပိတ်လှောင်ထားတဲ့မှော်စွမ်းအင်တွေကို မတော်တဆလွတ်ထွက်သွားစေခဲ့တယ်။ အဲဒီနောက်မှာတော့ ကမ္ဘာကြီးပေါ်မှာ ထူးဆန်းတဲ့မှော်ဆန်ဆန်ဖြစ်ရပ်တွေ အများအပြားပေါ်ပေါက်လာခဲ့ပြီး ဗစ်ခရမ်နဲ့သူ့ရဲ့နောက်လိုက်တွေက ဒါတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ပြသထားတဲ့ ဇာတ်လမ်းကောင်းလေးတပုဒ်ဖြစ်ပါတယ်။