Toilet-Bound Hanako-kun 地縛少年花子くん FHD

Toilet-Bound Hanako-kun 地縛少年花子くん

ဒီ anime စီးရီးလေးကတော့ 2020 ခုနှစ်ကထွက်ရှိထားပြီးတော့ လက်ရှိအချိန်အထိ ongoing ဆက်လက်ထွက်ရှိနေဆဲ စီးရီးလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရက်ရှီရိုနဲနဲဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ အချစ်ရေးမှာကံဆိုးနေပြီး ကျောင်းမှာလည်း ကြုံရင်ကြုံသလို body shaming လုပ်ခံနေရတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။သူတို့တက်နေတဲ့ကျောင်းကလည်း သာမန်ကျောင်းတစ်ခုမဟုတ်ဘဲ ထူးဆန်းအံ့ဖွယ်တွေနဲ့ပြည့်နှက်နေပါတယ်။ ဒီထူးဆန်းဖွယ်တွေထဲကမှ ” သန့်စင်ခန်းထဲကဟာနာကို” ဆိုတဲ့ ဝိဉာဉ်ကတော့လူသိများတဲ့အံ့ဖွယ်ပေါ့။ဟာနာကိုသာ သူ့ကိုဆင့်ခေါ်သူတိုင်းကို ဆုတောင်းတစ်ခုဖြည့်ပေးပြီး သူတို့ဆီကနေလည်း တန်ဖိုးရှိတာတစ်ခုခုကိုပြန်ယူတယ်။ ဒီလိုနဲ့ ရက်ရှီရိုသာ အချစ်ရေးမှာ ကံကောင်းစေဖို့ ဟာနာကိုဆီကိုသွားပြီးဆုတောင်းပြည့်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ လိုချင်တာကိုပဲသိပြီး ပြန်ပေးရမှာကိုမသိတဲ့ ရက်ရှီရိုသာ မမျှော်လင့်ထားတဲ့နောက်ဆက်တွဲတွေကို ကြုံလာရပါတော့တယ်။