Call of the Night よふかしのうた FHD

Call of the Night よふかしのうた

ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့ Yamori Ko ဆိုတဲ့ကောင်လေးဟာ ကျောင်းလည်းမတတ်ချင် ကောင်မလေးတွေကိုလည်း စိတ်မဝင်စာလူ့လောကကြီးရဲ့ကိစ္စအဝဝကို စိတ်ကုန်နေတဲ့အပြင် ညတွေမှာလည်းအိပ်မပျော်တဲ့အတွက်ညအချိန် အပြင်ကို လျှောက်လည်ဖို့လုပ်ပါတယ်။ ဒီတော့ တစ်ညမှာ လျှောက်လည်ရင်းဘီယာခိုးဝယ်ဖို့လုပ်နေတုန်း Nanakusa Nazuna ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့သွားတွေ့ပါတယ်။အဲ့မှာ Nazuna က သူညအိပ်မပျော်တာကို သိသွားပြီး အိပ်ပျော်အောင်ကူညီပေးမယ်ဆိုပြီးသူ့တိုက်ခန်းကိုခေါ်သွားတာပေါ့။ ဆရာသမားကလည်း ဟိုရောက်မှ ကြောက်စိတ်ဝင်လာတာနဲ့အိပ်ချင်ယောင်ဆောင်ပြီး ပြန်မယ်အလုပ်မှာ Nazuna ဟာ သွေးစုပ်ဖုတ်ကောင်ဆိုတာကို သိသွားပါတယ်။အဲ့ချိန်ကျ သကောင့်သား Yamori ဟာ မကြောက်တော့ပဲ သူ့ကို သွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းလဲပေးဖို့ပြောပါတယ်။ Nazuna ကလည်း သွေးစုပ်ဖုတ်ကောင်ဖြစ်ဖို့ သွေးစုပ်ရုံနဲ့မလုံလောက်ကြောင်း၊သွေးစုပ်ဖုတ်ကောင်ဖြစ်ချင်တဲ့သူဟာ သွေးစုပ်ဖုတ်ကောင်နဲ့ချစ်ကြိုက်ပြီး သွေးစုပ်ခံမှသာသွေးစုပ်ဖုတ်ကောင်ဖြစ်မှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။ ဒီမှာတင် ကောင်မလေးတွေကိုစိတ်မဝင်စားတဲ့ Yamori လည်း Nazuna ကို ချစ်မိဖို့အတွက် ကြိုးစားရပါတော့တယ်။နောက်တစ်ခုအနေနဲ့ Yamori မနက်ရောက်လို့ အိမ်အပြန်မှာပဲ Akira ဆိုတဲ့ သူနဲ့ငယ်ငယ်တုန်းခင်ခဲ့တဲ့ကောင်မလေးတစ်ယောက်နဲ့သွားတွေ့ပါတယ်။ သူကလည်း Yamori လို ကျောင်းလည်းမတတ်ချင်အိမ်မှာလည်း မနေချင်တဲ့သူပါပဲ။ ဒါကြောင့်မို့ မနက်ဆိုအစောကြီးတွေထပြီး ကျောင်းကိုမသွားခင်လမ်းပတ်လျှောက်နေတတ်ပါတယ်။ ဒါပေမယ့် Yamori ကိုတွေ့ပြီးနောက်ပိုင်း Yamori ကိုကျောင်းတတ်စေချင်တဲ့အတွက် သူ့ကို ကျောင်းလာဖို့စည်းရုံးပါတော့တယ်။ အဲဒီမှာ နောက်ဆုံးတော့Yamori လည်း Nazuna ကိုချစ်မိကာ သွေးစုပ်ဖုတ်ကောင်ဖြစ်လာပြီး သူ စိတ်ကုန်နေတဲ့လူ့ဘောင်ကကိစ္စတွေကနေ လွတ်မြောက်နိုင်မလား… ဒါမှမဟုတ် Akira စည်းရုံးတာနောက်ပါပြီးကျောင်းပြန်တတ်ချင်လာမလားဆိုတာကို သွေးစုပ်ဖုတ်ကောင်နဲ့ လူသားကြားက ရိုမန့်စ်လေးတွေနဲ့အတူခံစားကြည့်ရှုလိုက်ရအောင်နော်…။