Kamen Rider Black Sun FHD

Kamen Rider Black Sun

ဇာတ်လမ်းကတော့ 2022 မှာပဲ ဇာတ်အိမ်တည်ထားပါတယ်။ ခိုတရို တဖြစ်လဲ Black Sun ဟာ depression ဝင် လေလွင့်နေပြီး ဂျပန်ပြည်ကြီးကို မကာကွယ်ဘဲ မိုက်ကြေးခွဲလိုက် ငွေရဖို့ ကလေးမလေးကိုတောင် သတ်ဖို့ကြံလိုက် လုပ်နေတဲ့ကာလပါ။ Kamen Rider form မပြောင်းတာတောင် နှစ်ငါးဆယ်လောက်ရှိပြီထင်ပါတယ်။ ဒီအချိန်မှာ Shadow Moon ကလည်း GorGom အဖွဲ့ အကျဉ်းချဖမ်းဆီးတာ ခံထားရတယ်။ Kaijin တွေနဲ့ လူသားတွေရဲ့ အဓိကရုဏ်းတွေကလည်း ပြင်းထန်နေပါတယ်။ နောက် Black Sun က Kamen Rider form ပြောင်းလိုက်တဲ့အချိန်မှာ Shadow Moon ပါလွတ်လာပြီး သူတို့ အတူ GorGom အဖွဲ့ကို တိုက်ခိုက်ပြီး Creation King ကို သတ်ဖို့လုပ်ကြပါတော့တယ်။ င်းသားကတော့ Drive My Car ရဲ့ မင်းသား Hidetoshi Nishijima ပါ။ ဒီထဲလည်း ကားပေါ်မှာနေပြီး ကြေကွဲမျက်လုံးတွေနဲ့ လောကကြီးကို စိတ်ကုန်နေတဲ့ပုံနဲ့ ကလေးမလေးတစ်ယောက်နဲ့ တိုင်ပတ်နေတာပါပဲ။