The Defects 아이쇼핑 FHD

The Defects 아이쇼핑

Drama Action & Adventure FHD 2025-07-21 8.3

ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် Thrillerကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် .. ဒီကားလေးမှာတော့ Sky Castleမှ မင်းသမီးကြီး Yum Jung Ah,Hell bound မှ Won Jin Ah ,The Trunkမှ Choi Young Joonနဲ့ Dex, Extraordinary You မှLee Na Eun တို့ ပါဝင်ပါတယ် ..Kim Se Hui ( Yum jung ah)ဟာ ဆေးရုံကြီးတစ်ခုရဲ့ ဆေးရုံအုပ်ဖြစ်ပြီး ပရဟိတဖောင်ဒေးရှင်းတစ်ခုရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်..သူရဲ့လူမသိတဲ့အချက်ကတော့ သူဟာ တရားမဝင်မွေးစားအဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ပြီးထူးချွန်ထက်မြက်တဲ့ မျိုးရိုးဗီဇပိုင်ရှင်တွေသာလျှင် ရှင်သန်သင့်တယ်ဆိုတဲ့ ယုံကြည်ချက်ကိုလက်ကိုင်ထားသူဖြစ်နေတာပါ..ကလေးမွေးစားချင်တဲ့ မိဘတွေကို ဂေဟာက ကလေးတွေကို မွေးစားခွင့်ပေးပြီး အဲဒီမိဘတွေကစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့ကလေးတွေကို ပြန်ပေးလာတဲ့အခါ ရက်ရက်စက်စက်သတ်ပစ်လေ့ရှိပါတယ်..အဲဒီလိုကလေးတွေထဲမှာမှ Kim A Hyeon ( Won jin Ah)က အသတ်ခံရမဲ့ ဘေးကနေကံကောင်းထောက်မစွာ လွတ်မြောက်လာခဲ့ပါတယ်..သူ့လို အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ကလေးတွေကို ကူညီထောက်ပံ့ပေးရင်း လူမဆန်လှတဲ့ဆေးရုံအုပ်ကြီးကို ဘယ်လိုမျိုးလက်စားချေတုံ့ပြန်သွားမလဲဆိုတာကို CMနဲ့အတူ သည်းထိတ်ရင်ဖိုစောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော် ..