ဘ၀အစမှာပဲ ကျား၊မဆိုတဲ့ လိင်အမျိုးအစားကွဲကွဲပြားပြားနဲ့ မွေးဖွားလာခဲ့ကြတာပဲမို့ကျွန်တော်တို့တွေမှာ ယောကျ်ားဖြစ်ချင်တယ် မိန်းမဖြစ်ချင်တယ်ဆိုတာကို ကြိုတင်ပြီးရွေးချယ်ထားလို့မရပါဘူး။တချို့လည်း ငယ်စဉ်ကတည်းက၊ တချို့က လူပျိုဖော်အပျိုဖော်ဝင်တော့မှ၊တချို့ကကျ အသက်အရွယ်တစ်ခုရောက်တဲ့အချိန်မှကိုယ့်လိင်စိတ်၊ ကိုယ့်စိတ်ဆန္ဒကို သိလာကြတယ်။ဒီတော့ မွေးဖွားလာခဲ့တဲ့ခန္ဓာကြီးနဲ့ ဆန့်ကျင်ဘက်စိတ်ဖြစ်ပေါ်လာတဲ့အခါ၊ဆန့်ကျင်ဘက်ပုံစံနေထိုင်ချင်တဲ့အခါမှာ လူ့အဖွဲ့အစည်းကြီးရဲ့ရှုံ့ချဝေဖန်မှုတွေအောက်မှာဖြစ်တည်လာရတဲ့ လူတန်းစားတစ်ရပ်ကို ရိုက်ပြထားတဲ့ အပိုင်းလေးပိုင်းနဲ့ရုပ်သံစီးရီး။အဓိကကတော့ လိင်ပြောင်းထားတဲ့ လူတန်းစားတစ်ရပ်ရဲ့ အခက်အခဲတွေ၊ ရုန်းကန်ကြရပုံတွေနဲ့သူတို့တွေ ဘယ်လိုဖြတ်သန်းကြလဲဆိုတာကို တင်ဆက်ထားတာပဲဖြစ်ပါတယ်။