ရာမင်က အထူးတပ်ဖွဲရဲ့ သံမဏိလက်ဒုရဲအုပ်လို့ နာမည်တွင်ရအောင် စစ်ဆင်ရေးတွေမှာ အမြဲအောင်မြင်စေခဲ့တဲ့ ရဲဝန်ထမ်းတစ်ဦးဖြစ်ပြီး မိန်းကလေးပီသတဲ့ ချစ်ရသူ နွတ်ယွန်ဆိုတဲ့ဇနီးလောင်းလေးပါရှိတာမို့ ဘဝကြီးကပြည့်စုံနေပြီလို့ ယူဆလို့ရတဲ့ လူတစ်ယောက်ဖြစ်ပါတယ်နာမည်ကြီးရုပ်ရှင်မင်းသမီး ဖယ်တရာ ဖာဝဒီကတော့အလှနဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် အာရှရဲ့ပုလဲလုံးလေးလို တင်စားရအောင်ထိ ပရိသတ်ရဲ့ ချစ်မြတ်နိုးအားပေးမှုကို ခံနေရသူလည်းဖြစ်ပါတယ်လူတွေမသိကြတဲ့ သူတိုရဲ့ နောက်မျက်နှာတစ်ဖက်ကတော့ ဒုရဲအုပ်ရာမင်က စော်ကြည်သလောက် အရမ်းပွေရှုပ်သူတစ်ဦးဖြစ်နေပြီး ဖယ်တရာကလည်း လုပ်ဖော်ကိုင်ဖက်ငယ်သားတွေအပေါ်အရမ်းမောက်မာသူ တစ်ဦးလည်း ဖြစ်ပါတယ်တစ်ရက် ရာမင်နဲ့ ဖယ်တရာတို့ ရတနာပြပွဲတစ်ခုမှာ လူဆိုးတွေဝင်စီးပြီး သန်းချီတန်တဲ့သရဖူကို ဝင်လုခံရတာကို ခုခံရင်း မတော်တဆဖြစ်ခဲ့ကာ ခန္ဓာကိုယ်ချင်း လဲသွားခဲ့ပါတော့တယ်အမြဲ စစ်ဆင်ရေးတွေလုပ်လာတဲ့ ရာမင်တစ်ယောက် နုနုနယ်နယ်မင်းသမီးခန္ဓာထဲ သရုပ်ဆောင်မှုတွေ လုပ်နိုင်ဖို့အပြင်ဖယ်တရာကရော ကျည်ဆန်တွေကြား ရှင်သန်နိုင်ဖို့ အချင်းချင်းကူညီကြရာက တစ်ယောက်အပေါ်တစ်ယောက် အမြင်ပြောင်းလာခဲ့တဲ့အခါ မူးယစ်ဆေးစစ်ဆင်ရေးတွေနဲ့သရုပ်ဆောင်မှုတွေကြား ဘယ်လိုညီမျှအောင် ကြိုးစားကြမလဲ……သူတို့နှစ်ဦးကြား ဒီလိုအဖြစ်တွေ ကြုံရဖို့ အတိတ်ကံတွေက ဘယ်လိုရှိနေခဲ့တာလဲ…………ရာမင် မအားနေချိန် ဂျူနီယာဖြစ်သူ အာခုမ်က ရာမင့်ဇနီးလောင်း နွတ်ယွန်ကို ဂရုစိုက်ပေးရာက ချစ်မိသွားချိန်….နွတ်ယွန့်အမေရဲ့ သူငယ်ချင်းမှာ ရစ်ချတ်ဆိုတဲ့သားတစ်ယောက်ရှိပြီး ရစ်ချတ်ကပါ နွတ်ယွန်ကို ချစ်မိနေချိန်မှာတော့ နွတ်ယွန်တစ်ယောက် သူ့အပေါ် အေးစက်နေတဲ့ ခင်ပွန်းလောင်းကိုပဲဆက်ချစ်မလား……..သူမအပေါ်ကောင်းတဲ့သူ တစ်ယောက်ကိုပဲ ပြန်ရွေးချယ်မလား………….ရစ်ချတ်ကရော တကယ်ပဲလိမ္မာပြီး အလုပ်ကြိုးစားတဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်ရဲ့လား…………စစ်ဆင်ရေးတွေ အမြဲအောင်မြင်ခဲ့တဲ့ ရာမင်တစ်ယောက် ခုတစ်ခါမှာရော ဖယ့်တရာခန္ဓာထဲကနေ ဘယ်လိုကြိုးစားမလဲဆိုတာ ဒီဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရအောင်နော်