My Lovely Journey 여행을 대신해 드립니다 FHD

My Lovely Journey 여행을 대신해 드립니다

တစ်ခါတုန်းက Gril Group အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ Kang Yeo Reum (Gong Seung Yeon) ဟာ အခုချိန်မှာတော့”One Day Travel” ဆိုတဲ့ ခရီးသွား ပရိုဂရမ်လေးမှာသတင်းထောက်တစ်ယောက်အဖြစ် လုပ်ကိုင်နေသူလေးပါ…Kang Yeo Reum ဟာ အရာရာကို အကောင်းမြင်စိတ်ရှိပြီး အလုပ်အပေါ် အလေးထားပြီးလုပ်တတ်တာကြောင့် လူတိုင်းရဲ့ ချီးကျူးခြင်းကို ခံရပေမဲ့လည်း သူမရဲ့ ပျော်ရွှင်နေတဲ့အပြင်ပန်းသွင်ပြင်ရဲ့ နောက်ကွယ်မှာတော့ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေတာပေါ့..Lee Yeon Seok (Kim Jae Young) ကတော့ နာမည်ကြီးတက္ကသိုလ်က အင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်ပြီး ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်ခဲ့ပေမဲ့လည်း အခုအချိန်မှာတော့ Kang Yeo Reum ရဲ့ခရီးသွားပရိုဂရမ်မှာ အချိန်ပိုင်းလက်ထောက်အဖြစ် ကူညီလုပ်ကိုင်ပြီး ရုပ်ရှင်ဒါရိုက်တာ ဖြစ်ချင်တဲ့ အိပ်မက်နောက်ကိုလိုက်ဖို့ ကြိုးစားနေတဲ့ကောင်လေးပါ …ဒီလိုနဲ့ ဘဝရဲ့ အဓိပ္ပာယ်ပျောက်ဆုံးနေတဲ့ Kang Yeo Reum တစ်ယောက် Lee Yeon Seokနဲ့ အတူဒီခရီးစဉ်လေးတွေကနေ တစ်ဆင့် အချစ် ၊ အောင်မြင်မှု ၊ ဘဝရဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုအနှစ်သာရတွေကို ရှာဖွေရင်း သူတို့ နှစ်ဦးကြားမှာ ပေါက်ဖွားလာမဲ့ အချစ်ဇာတ်လမ်းလေးကိုရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အပတ်စဉ် စနေ ၊ တနင်္ဂ‌နွေနေ့တိုင်း ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်