ဇာတ်လမ်းပုံစံလေးကတော့ နာမည်ကျော် မျက်လှည့်ပညာရှင် ကမ်မရွန် ဟာ သူ့ရဲ့ အအောင်မြင်ဆုံး မျက်လှည့်ပွဲ တစ်ခု အပြီးမှာ အရမ်းလန်းတဲ့ ကောင်မလေးနဲ့ ကားမောင်းထွက်ခဲ့ပါတယ် လမ်း တစ်နေရာအရောက်မှာတော့ ကားတစ်စီးက သူတို့ကားကို ၀င်တိုက်ပြီး ကမ်မရွန်လဲ သတိမေ့သွားပါတယ် သူသတိ ပြန်ရလာတဲ့ အချိန်မှာတော့ သူ့အိမ်က အိပ်ရာထဲကို ပြန်ရောက်နေတာ ဖြစ်ပြီး ရဲတွေက လာဖမ်းခေါ်သွားပါတယ် သူ့ကောင်မလေးကို သတ်တဲ့ အမှုနဲ့ပေါ့… ဒီတော့ကာ ကင်မရွန် ရဲ့ အရှုပ်တော်ပုံကြီးကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာရယ် ဒီထဲကို FBI က စုံထောက်မလေး နဲ့ ပါတနာ တစ်ယောက်ပါ ပါဝင်လာခဲ့သော် အခါ ဇတ်လမ်းက ပိုလှသွားပါတယ်… လောလောဆယ် လူစီဖာ ကို လွမ်းနေတဲ့ ပရိတ်သက်တွေ ကြည့်သင့်တယ်လို့ ညွှန်းဆိုပါရစေ…