ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ Nonomura Saku ရေးသားထားတဲ့ “Otonari Complex”ဆိုတဲ့ မန်ဂါစီးရီးကို ပြန်လည်ရိုက်ကူးထားတဲ့ စီးရီးလေးပဲဖြစ်ပါတယ်။မိန်းကလေးမျက်နှာလေးလို ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ မွေးဖွားလာတဲ့ မာကိုတိုနဲ့လွတ်လွတ်လပ်လပ် ကျားကျားယားယားပဲနေတတ်တဲ့ အာကိရာတို့ဟာ ငယ်ငယ်လေးကတည်းကအိမ်နီးချင်း ငယ်သူငယ်ချင်းတွေဖြစ်ခဲ့ပါတယ်။မာကိုတို့အမေဟာ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပြီး မာကိုတို့ကိုလည်း မိန်းကလေးလိုပြင်ဆင်ပေးတတ်ပါသေးတယ်။သူတို့ဟာ သွားအတူ လာအတူ အမြဲမခွဲရှိနေတတ်ကြပါတယ်၊ ဒီလိုနဲ့ အသက်တွေ ကြီးပြီးတက္ကသိုလ်တက်ရတဲ့အရွယ်ကိုရောက်လာကြတဲ့အချိန်မှာတော့ မာကိုတိုဟာ အာကိရာအပေါ်မှာခံစားချက်တွေ ပြောင်းလဲလို့လာခဲ့ပါတော့တယ်။ဒီလိုနဲ့ပဲ မိန်းကလေးလို ချစ်စရာကောင်းတဲ့ကောင်လေး မာကိုတိုနဲ့ ကျားကျားယားယား မိန်းမသားအာကိရာတို့ရဲ့ ငယ်ကအချစ်တွေ ဘယ်လိုပုံစံမျိုးနဲ့ ပြောင်းလဲသွားမလဲ ဆိုတာကို ကြည့်ရှုရမဲ့ဟာသ ရိုမန့်ဒရာမာ စီးရီးလေးဖြစ်ပါတယ်။