အထက်တန်းလွှာကိုမှ အရောက်လှမ်းချင်နေတဲ့ ဖန်ဆိုတဲ့ကောင်မလေးက ဘယ်အရာကိုမဆို ရင်ဆိုင်ပြီး ဘဝမြင့်တင်အောင်လုပ်ချင်နေသူတစ်ယောက်ပါတောရွာမှာမွေးဖွားလာရသူပီပီ အပြောဆိုးပြီး မြို့တော်မှာ သွားနေချင် သခင်မျိုးနွယ်အဆင့်ရှိသူ ဖြစ်ချင်နေသူပေါ့ငယ်ငယ်တည်းက မိတဆိုးလေးဖန်ဟာ ဖအေဖြစ်သူရဲ့ဂရုစိုက်မှုကိုမခံရတဲ့အပြင် မိထွေးကပါ မျိုးစုံနှိပ်စက်နေတာမို့ သူငယ်ချင်းထိန်ရဲ့ဖခင်က ခေါ်ယူစောင့်ရှောက်ကျွေးမွေးထားခဲ့ပါတယ်သူက ထိန်ရဲ့အဆက်သွယ်နဲ့ ဘန်ကောက်က သူဌေးသားသမီးတွေနဲ့ သူငယ်ချင်းဖြစ်ခွင့်ရပြီးနောက်မှာတော့….သူမရဲ့အိပ်မက်အတိုင်း အောက်ခြေလူတန်းစားဘဝကနေ အထက်တန်းစားအဆင့်ကို တက်လှမ်းနိုင်ခဲ့မလား………..သူမလိုချင်တာတွေရဖို့အတွက် ဘာတွေရင်းပြီး ဘာတွေကိုစတေးခဲ့ရမလဲ……….သူမ ဘယ်လိုကံကြမ္မာတွေကို ဖြတ်ကျော်ခဲ့ရမလဲဆိုတာကိုတော့ “ကံကြမ္မာမျက်ဝန်း”ဇာတ်ကားထဲက ဖန်ရဲ့ဘဝဇာတ်ခုံကို ကြည့်ရှုကြရအောင်ပါ