“Only Boo!” ပထမဆုံး series နဲ့တင် ပရိသတ်တွေရဲ့အသည်းနှလုံးကို အပိုင်သိမ်းယူသွားခဲ့ကြတဲ့GMMTV ရဲ့ BL #SeaKeen အတွဲလေးရဲ့ ဒုတိယမြောက် Drama စီးရီးလေးကို ထွက်ရှိလို့ လာပါပြီ။ဒီစီရီးမှာ အပိုင်း (၄) ပိုင်း ပါဝင်မှာြဖစ်ပြီး ပရိသတ်တွေကို ဘယ်လိုဖမ်းစားသွားကြဦးမလဲဆိုတာ ရှုစားလိုက်ကြရအောင်ပါ။ကျောင်းရဲ့ဂုဏ်ထူးဆောင် အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားဖြစ်တဲ့ “အာ” (အနန်တချိုင်)ဟာဒုတိယစာသင်နှစ်ဝက်မှာ ကျောင်းပြောင်းလာတဲ့ အေးစက်စက် မတုန်မလှုပ် ကျောင်းသားသစ် “မာဝင်း”နဲ့စာနဲ့ပတ်သတ်ပြီး ပြိုင်ဘက်တွေ ဖြစ်လာခဲ့ပါတယ်။သီတင်းပတ်အနည်းငယ်အကြာမှာပဲ “အာ”ဟာ “မာဝင်း”ကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေ လျော့ကျလာခဲ့ပါတယ်။ဒီလိုကနေ နိုင်ငံခြားပညာသင်ဆုထိ ရနိုင်တဲ့ စာမေးပွဲကို နိုင်ငံအနှံ့က ကျောင်းသားတွေနဲ့အတူတူအာနဲ့မာဝင်းတို့ပါ စခန်းသွင်းလေ့ကျင့်ပြီး ဝင်ဖြေဖို့ဖြစ်လာခဲ့ပါတယ်။“အာ”ဟာ ဘန့်အကြံပေးမှုနဲ့ ရှေ့ဖြစ်ဟောဆရာဆီကနေ အွန်လိုင်းကနေ အကြံတောင်းခဲ့ပါတယ်။ရလာတဲ့ အကြံပေးချက်အပေါ် အတိတ်ကောက်ပေးလိုက်တဲ့ ဘန့်၊ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရလာဖို့ ဘာမဆို လုပ်မယ့် “အာ”၊“မာဝင်း”နဲ့”အာ” မထင်မှတ်ဘဲ အိပ်တစ်ခန်းထဲ အတူတူတည်းဖို ဖြစ်လာခဲ့ပါတယ်။ရှေ့ဖြစ်ဟောဆရာနဲ့ဘန့်ရဲ့အတိတ်ကောက်ချက်ကို “အာ”တစ်ယောက်ဘယ်လိုတွေ အကောင်အထည်ဖော်သွားမလဲဆိုတာ ရှုစားကြည့်လိုက်ရအောင်ပါ…