ချွန်းဂျယ်အင်ကတော့ မန်နေဂျာလုပ်သက် ၁၄ နှစ်ရှိတဲ့ ဝါရင့်မန်နေဂျာတစ်ယောက်ပါ အလုပ်မှာဆိုရင်လည်း မန်နေဂျာအဖွဲ့ရဲ့ အဖွဲ့မှူးတစ်ယောက်ဖြစ်တယ် အရည်အချင်းရှိပြီး အလုပ်ဂျပိုးတစ်ယောက်လည်းဖြစ်တယ် ဒေါသကြီးပြီး သူဖြစ်ချင်တာဆိုရင် ဘာကိုမှဂရုမစိုက်ဘဲ ရအောင်လုပ်တတ်လို့ မာထယ်အိုနဲ့သူမက အမြဲတမ်း ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေကျပါ ဂင်ဂျောင်ဒွန် ကတော့ ချွန်းဂျယ်အင်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး အလုပ်မှာလည်း ဂျယ်အင်နဲ့ ရာထူးတူညီစွာပဲ မန်နေဂျာအဖွဲ့မှူးရာထူးကိုရထားတာပါ ဒါပေမဲ့ ဂျောင်ဂျွန်ကတော့ ဂျယ်အင်နဲ့ဆန့်ကျင်ဘက် သိမ်မွေ့ယဉ်ကျေးတဲ့သူတစ်ယောက်ဖြစ်နေပါတယ်တစ်နေ့ သူတို့ဝါရင့်မန်နေဂျာတွေကြားထဲ မန်နေဂျာလက်သစ်လေး ဆိုဟျွန်းဂျူရောက်လာတဲ့အခါ… လူသစ်လေးဖြစ်တဲ့ ဆိုဟျွန်းဂျူတစ်ယောက် မန်နေဂျာတွေရဲ့ နေ့စဉ်ဒုက္ခတွေ ဖြေရှင်းရတဲ့ ပြဿနာတွေကို ရင်ဆိုင်နိုင်ပါ့မလား သူမရထားတဲ့အလုပ်ကို သေချာလုပ်နိုင်မလားဆို ဘယ်လိုအခက်အခဲလေးတွေ အလွဲလေးတွေ ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင် ။