A Hundred Memories 백번의 추억 FHD

A Hundred Memories 백번의 추억

Unknown FHD 2025-09-13 5

ဂိုယောင်းရယ် (Kim Da Mi) ဟာ မိသားစုရဲ့ သမီးကြီးပီပီ အိမ်ရဲ့စားဝတ်နေရေးအတွက် ထောက်ပံ့ကူညီပေးရတာကြောင့် ကားမူးတတ်ပေမဲ့လည်း ချောင်းအာသယ်ယူပို့ဆောင်ရေးရဲ့ ဘတ်စ်ကားနံပါတ်၁၀၀မှာ ဘတ်စ်ကားလမ်းညွှန်မလေးအဖြစ် လုပ်ကိုင်နေပြီး တက္ကသိုလ်တက်ရဖို့ အိပ်မက်ရှိသူလည်းဖြစ်ပါတယ်။ဆောဂျုံဟီး (Shin Ye Eun) ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး လှပတဲ့ အသစ်ဝင်ရောက်လာတဲ့ ဘတ်စ်ကားလမ်းညွှန်မလေးဖြစ်ပြီး သိပ်မကြာခင်မှာပဲ ဂိုယောင်းရယ်နဲ့ရင်းနှီးပြီး အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သွားကြပါတယ်။ဒီသူငယ်ချင်းမလေး၂ယောက်ကြားကို သူတို့ရဲ့အချစ်ဦးဖြစ်တဲ့ ရုပ်ရည်ချောမောပြီး ခန့်ညားတဲ့ ဟန်ဂျယ်ဖီး (Heo Nam Jun)ဆိုတဲ့ လက်ဝှေ့သမားဖြစ်ဖို့ စိတ်ဆန္ဒပြင်းပြနေတဲ့ သူဌေးသားလေးတစ်ယောက် ဝင်ရောက်လာတဲ့အခါမှာတော့... သူတို့၃ယောက်ရဲ့အချစ်ဇာတ်လမ်းလေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ပေးကြပါဦးနော်။