Gen V FHD

Gen V

ဒီဇာတ်လမ်းကတော့ The Boys စီးရီး နောက်ဆုံးထွက်ထားတဲ့ ကျောရိုးအတိုင်း ဆက်သွားတာပါ။ အရင်ခေတ်ကိုပြန်ပြတာမဟုတ်ပါဘူး။ မေ့ဗ်သေသွားတာ၊ စတားလိုက်ထွက်သွားတာ၊ဟုမ်းလန်ဒါကို တရားစွဲတာ ဒါတွေဖြစ်နေတဲ့ကာလပါ။ နေရာကတော့ ဂဒေါကင်းတက္ကသိုလ်၊ နတ်ဘုရားတက္ကသိုလ်လို့လည်းခေါ်တဲ့ စူပါဟီးရိုးလူငယ်ကျောင်းမှာပါပဲ။ အဲဒီကျောင်းမှာလည်းမေဂျာတွေရှိတဲ့ထဲက အယူအများဆုံးကတော့ ဖျော်ဖြေရေးမေဂျာပါ။ စူပါဟီးရိုးဆိုတာ နာမည်ကြီးဖို့ ရုပ်ရှင်တွေ ကြော်ငြာတွေရိုက်ရဖို့အဓိကပေါ့။ အဲဒီထဲက အဆင့်အများဆုံးလူနည်းစုလေးကတော့ ရာဇဝတ်မှုတိုက်ဖျက်ရေး မေဂျာယူလို့ရပြီး မြို့ကြီးတွေကနေ ကာကွယ်ရေးစူပါဟီးရိုးအဖြစ် စာချုပ်ချုပ်ခံရပါတယ်။ ဒါကိုလည်း ကိုယ်ကျိုးအတွက်လိုချင်ကြတာပါ။အဲဒီ စူပါဟီးရိုးကျောင်းရဲ့နောက်ကွယ်က ရက်စက်တဲ့လျှို့ဝှက်ချက်တွေနဲ့ ကျောင်းသူကျောင်းသားတွေရဲ့ တိုက်ပွဲတွေကို ပြသထားတာပဲဖြစ်ပါတယ်။