ခိုးမှု၊ မူးယစ်ရမ်းကားမှုလိုမျိုး အမှုသေးလေးတွေလောက်နဲ့ပဲ လည်ပတ်နေတဲ့ တောတောင်တွေကြားကနယ်မြို့လေးရဲ့ စခန်းမှာတာဝန်ကျတဲ့ ရဲတပ်ကြပ် ဟီမန့်။ဇနီးဖြစ်သူ ကိုယ်ဝန်နေ့စေ့လစေ့ကြီးမို့ ဟီမန့်တစ်ယောက် နောက်ရက်ကစပြီး ခွင့်ယူဖို့တင်ထားခဲ့ပေမဲ့နောက်ရက်မရောက်ခင်မှာပဲ ခေါင်းပျောက်နေတဲ့အလောင်းတွေကို တောထဲနယ်စပ်တစ်နေရာမှာပုပ်သိုးပျက်စီးနေတာကို တွေ့လိုက်ရပါတယ်။စခန်းမှူးကလည်း ခရီးလွန်နေချိန်၊ စခန်းမှာ ဟီမန့်ဦးစီးနေရတာမို့ ရဲမှူးကြီးကဒီအမှုကို အမြန်ဆုံးဖြေရှင်းဖို့ မဖြေရှင်းနိုင်ရင် တာဝန်ကနေ ရပ်ဆိုင်းခံရမယ်ဆိုပြီးဖိအားပေးသွားခဲ့ပါရော။ရှေးရိုးစွဲအစဉ်အလာတွေ၊ ဇာတ်အနိမ့်အမြင့်ခွဲခြားမှုတွေနဲ့အတူ နယ်မြို့ငယ်လေးရဲ့လျှို့ဝှက်နက်နဲပြီး ရှုပ်ထွေးလှတဲ့ ဒီလူသတ်မှုတွေကို တပ်ကြပ်လေးဟီမန့်ဘယ်လိုစုံစမ်းဖော်ထုတ်မလဲဆိုတာကို အပိုင်း(၇)ပိုင်းနဲ့ ဒီဇာတ်လမ်းတွဲလေးမှာ ရှုစားကြပါဦး။