Kurukshetra FHD

Kurukshetra

ဗီလိန် ဒဿဂီရိကို အမျိုးမျိုးတင်စားပြီး စာပေ၊ဂီတတွေမှာ ဖော်ကျူးခဲ့တဲ့အတွက်ဇာတ်တော်အကုန်အစင်မသိတောင် ရာမာယဏဇာတ်ကိုတော့ အရွယ်ရောက်ပြီးသူတိုင်း တီးမိခေါက်မိရုံလောက်တော့သိကြမှာပေါ့။ရာမာယဏဇာတ်တော်ကို မသိသူမရှိသလောက်ရှားမှာဖြစ်ပေမဲ့ ဒီမဟာဘာရတ္တဇာတ်ကိုတော့သိသူနည်းမှာပါ။ဆယ့်ရှစ်ရက်တိုင်တိုင် ကူရူခ်ရှေတရာစစ်မြေပြင်မှာ မင်းဆက်တစ်ခုတည်းကဆင်းသက်လာတဲ့ ဝမ်းကွဲညီနောင်တွေအချင်းချင်း သွေးချောင်းစီးတိုက်ခိုက်ခဲ့ကြတဲ့ မဟာဘရတ္တစစ်ပွဲကြီးအကြောင်း။ဒီဆယ့်ရှက်ရက်ကာလမှာ တစ်ရက်ချင်းစီကို ဇာတ်ကောင်တစ်ခုစီကနေ တစ်ပိုင်းစီ ဖန်တီးပုံဖော်ထားပြီး Netflixကနေ ၁၈ပိုင်းတိတိထုတ်လွှင့်ခဲ့တာမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဟတ်စတီနာပူရ်လို့ခေါ်တဲ့တိုင်းပြည်မှာ မင်းညီနောင်နှစ်ပါးရှိတယ်။ နောင်တော်ဖြစ်သူက မွေးကင်းစကတည်းကမျက်မမြင်ဖြစ်တာမို့ ညီတော်က ထီးနန်းဆက်ခံပြီး အုပ်ချုပ်မင်းလုပ်ခဲ့တယ်။ညီတော်ပန်ဒါ့ဗ်မင်းမှာ သားတော်ငါးပါးထွန်းကားပြီး မျက်စိမမြင်တဲ့ နောင်တော်ဒါရစ်ရှ်ရှက်တရာကတော့ ကောရဗျမင်းသားတွေလို့ခေါ်တဲ့သားတော်တစ်ရာထွန်းကားခဲ့တယ်။ညီတော်နတ်ရွာစံတဲ့အချိန် နောင်တော်ဖြစ်သူက ထီးနန်းကိုသိမ်းပိုက်ပြီး အုပ်ချုပ်ခဲ့တဲ့နောက်မှာတော့ တူတော်ပန်ဒါ့ဗ်မင်းသားငါးယောက်ကိုသားတော်ကော်ရဗျမင်းသားတွေနဲ့အတူ ပြုစုစောင့်ရှောက်ပေးခဲ့တယ်။မင်းသားတွေအရွယ်ရောက်တဲ့အချိန် ကောရဗျမင်းသားတွေနဲ့မတူဘဲ ထူးခြားပြီး စွမ်းပကားကြီးလှတဲ့တူတော်ပန်ဒါ့ဗ်မင်းသားတွေထဲက အကြီးဆုံးမင်းသား ယုဒိရှ်သီရ်ကို အိမ်ရှေ့မင်းသားအရာ မြှောက်ခဲ့တယ်။ဒါကိုမကျေနပ်တဲ့ ကောရဗျမင်းသားတွေက ပုန်ကန်တဲ့အတွက် ပန်ဒါ့ဗ်မင်းသားညီနောင်ငါးယောက် တိုင်းပြည်ကထွက်ပြေးခဲ့ရတယ်။ပန်ဒါ့ဗ်မင်းသားငါးပါးထဲက လေးအတတ်မှာ တဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ အာဂျွန်က ဘရင်တပါးရဲ့သမီးတော်ကြင်ယာရွေးလေးတင်ပွဲမှာ အနိုင်ရပြီး ပန်ဒါ့ဗ်မင်းသားငါးပါးလုံး ဘုရင့်သမီးတော်ဒရော်ပဒီရဲ့ ကြင်ယာတွေဖြစ်ခဲ့ကြတယ်။ဒီမှာပဲ ပန်ဒါ့ဗ်မင်းသားငါးယောက်လုံး  ဘုရင့်သားမက်တွေဖြစ်ပြီး အင်အားတောင့်တင်းလာတော့ ဦးရီးတော်မျက်မမြင်ဘုရင်ကြီးကတိုင်းပြည်ကို သားတော်တွေနဲ့အတူ နှစ်ပိုင်းခွဲပြီး အပ်နှင်းခဲ့တယ်။အဲဒီနောက်တော့ ဝမ်းကွဲညီနောင်တွေကြား ဟတ်စတီနာပူရ်ပြည်ကို လုဖို့အကြောင်းဖန်လာရာကစ ကူရူခ်ရှေတရာစစ်မြေပြင်မှာမဟာဘရတ္တစစ်ပွဲကြီး ဖြစ်ပွားပုံကို ခံစားကြည့်ရှုကြပါဦး။