ဒီဇာတ်လမ်းလေးကတော့ ပိုပေါ့ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့အဖွားက ပါလိချာတ်ဆိုတဲ့မီနူး ဟင်းလျာတွေနဲ့ပတ်သက်တဲ့သင်တန်းကျောင်းတစ်ခုဖွင့်ထားပါတယ် အဖွားဖြစ်သူက ပိုပေါ့ကိုလည်း ငယ်စဉ်ကတည်းက ဟင်းခတ်အမွှေးအကြိုင်တွေအကြောင်းကို နှံ့နှံ့စပ်စပ်သိဖို့သင်ကြားပေးခဲ့သလို အချက်အပြုတ်ကျွမ်းကျင်အောင်ပါသင်ကြားပေးခဲ့တာပါတစ်နေ့မှာတော့ပိုပေါ့အမေက ပိုပေါ့အဖွားကို သင်တန်းကျောင်းက သင်တန်းသားလူဦးရေနည်းသွားပြီး နှစ်တိုင်းလိုလိုအရှုးပေါ်နေလို့ သင်တန်းကျောင်းကိုဆက်မဖွင့်ပဲပိတ်ပြီး တခြားသူကို ဌားပေးလိုက်ဖို့ပြောလာပါတယ် ပိုပေါ့အမေက ပါလိချာတ်ဆိုတဲ့ စားသောက်ဆိုင်က ရတဲ့အမြတ်ငွေတွေကိုယူပြီး သင်တန်းကျောင်းကလိုအပ်တဲ့ပစ္စည်းတွေကို ထောက်ပံ့ပေးနေရတာကြောင့် သူမရဲ့အိပ်မက်ဖြစ်တဲ့ နိုင်ငံခြားမှာစားသောက်ဆိုင်ဖွင့်ဖို့ နှောင့်နှေးနေတာလို့တွေးနေတာပါ ဒါကြောင့်သင်တန်းကျောင်းကိုပိတ်ပြီး ရလာတဲ့ငှားရမ်းခနဲ့ နိုင်ငံခြားမှာဆိုင်ဖွင့်ဖို့ စီစဉ်နေပါတယ်ပိုပေါ့ကတော့ သူ့အဖွားသင်တန်းကျောင်းပိတ်မသွားဖို့ကူညီတဲ့အနေနဲ့ သင်တန်းသား၁၄ယောက်ထိရှာပေးမယ်လို့ပြောပါတယ်။ ပိုပေါ့အမေက တစ်ပတ်အတွင်းသင်တန်းသား၁၄ယောက်မရှာနိုင်ရင် သင်တန်းကျောင်းကိုပိတ်လိုက်ပြီးတခြားသူတွေငှားပေးမယ်လို အပေးအယူလုပ်ခဲ့ကြပါတယ် တစ်ပတ်အတွင်းမှာ ပိုပေါ့က သင်တန်းသား ၁၄ယောက်ကိုရှာလို့ရနိုင်မလားဆိုတာ ဒီဇာတ်လမ်းထဲမှာ ဆက်ကြည့်လိုက်ရအောင်နော်......