Strange Tales of Tang Dynasty Ⅲ 唐朝诡事录 FHD

Strange Tales of Tang Dynasty Ⅲ 唐朝诡事录

ရှန်ထျန်းခေတ် (Xiantian era) ရဲ့ဒုတိယနှစ်၊ နွေရာသီအကုန် ဆောင်းဦးကူးပြောင်းချိန်မှာ ဧကရာဇ်က ထီးနန်းမွေဆက်ခံခဲ့ပေမဲ့ မင်းသမီးကြီးရဲ့အာဏာက ပိုမိုခိုင်မာလာခဲ့ပါတယ်။ ဒီလိုနန်းရေးနန်းရာမတည်ငြိမ်မှုတွေကြောင့် ချန်အန်းရဲ့အခြေအနေကလဲ မရေမရာတွေဖြစ်လာပါတော့တယ်။ကန်ပြည်ထောင်ကနေဆက်သလိုက်တဲ့ ရွှေမက်မွန်သီးတွေကို စောင့်ကြပ်ရမဲ့တာဝန်ကြောင့် လုလင်ဖုန်းနဲ့စူးဝူမင်တို့က အထောက်တော်အဖွဲ့ဝင်တွေဖြစ်တဲ့ ပေရှီကျွင်း၊ ဆရာဖေ၊ ယင်းထောင်၊ ရွှယ်ဟွမ်တို့နဲ့အတူ ချန်အန်းကိုပြန်ကြဖို့ အမိန့်လက်ခံရရှိခဲ့ကြပါတယ်။ သာယာဝပြောလှတဲ့ချန်အန်းမြို့ကို ရောက်ရှိပြီးချိန်မှာတော့ လုလင်ဖုန်းက တရားစီရင်ရေးဆိုင်ရာဒုတိယအမတ်အဖြစ် ရာထူးပြန်လည် ရရှိခဲ့သလို စူးဝူမင်ကလဲ အသက်မွေးဝမ်းကျောင်းအတွက် စူးရှန်စားတော်ဆက်ကို ဖွင့်လှစ်ခဲ့ပါတယ်။သူတို့နှစ်ဦးက ဧကရာဇ်နဲ့မင်းသမီးကြီးတို့ရဲ့ အာဏာလွန်ဆွဲမှုကိုရှောင်ရှားရင်း သာမန်အရပ်သားတို့ရဲ့ဘဝတွေကို ပိုမိုကျယ်ပြန့်စွာသိရှိနိုင်ဖို့ရည်ရွယ်ပြီး လုလင်ဖုန်းက စူးဝူမင်ကို သူ့လျှို့ဝှက်အထောက်တော်အဖြစ် ငှားရမ်းကာ ချန်အန်းမြို့မှာရှိတဲ့လျှို့ဝှက်နက်နဲမှုခင်းအမျိုးမျိုးကို စုံစမ်းထောက်လှမ်းစေခဲ့ပါတော့တယ်။အာဏာရဲ့အားပြိုင်မှုကြားမှာ အထောက်တော်တို့အဖွဲ့က ဘယ်လိုမျိုးနက်နဲမှုတွေကို တွေ့ရှိသွားမလဲ? အာဏာကို ဧကရာဇ်က ရသွားမလား၊ မင်းသမီးကြီးကပဲ ဆက်လက်ချုပ်ကိုင်သွားမှာလား??ချန်အန်းကရော လူတွေထင်နေကြသလို အမှန်တကယ်သာယာဝပြောငြိမ်းချမ်းနေရဲ့လား???  ဒီလိုသို့လောသို့လော့ plot twist တွေနဲ့ ကြည့်သူရဲ့စိတ်ကိုဆွဲဆောင်ခြောက်ခြားစေမှာမို့ ဒီစီးရီးကိုမှမကြည့်ရင် ဘယ်ဟာကိုသွားကြည့်ကြမလဲ ပရိတ်သတ်တို့ရေ...။