Love on the Turquoise Land 枭起青壤 FHD

Love on the Turquoise Land 枭起青壤

Mystery Action & Adventure FHD 2025-11-22 8

ရှေးခေတ်ချင်မင်းဆက်ခေတ်မှာ ချင်ရှစ်ဟွမ်ဟာ ထာဝရအသက်ရှည်တဲ့ဘဝ (အမတဘဝ)ကို ရူးသွပ်စွဲလမ်းခဲ့ပါတယ်။ ဒါကြောင့် သူဟာ "ရှုပ်ထွေးနက်နဲတဲ့စစ်တပ်" (The Tangled Army) ဟုခေါ်တဲ့စစ်တပ်တစ်ဖွဲ့ကို မသေနိုင်ခြင်းရဲ့လျှို့ဝှက်ချက်ကိုရှာဖွေဖို့ စေလွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အချိန်တွေသာကြာလာတယ်၊ ဘာသတင်းအစအနမှမရသလို နောက်ဆုံး ခြေရာလက်ရာတွေပါလျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့ပါတယ်။အတိတ်ရဲ့ဇာတ်လမ်းအကြွင်းအကျန်ဟာ အချစ်ဦးကို မမေ့နိုင်ကြသူတွေလိုပဲ လက်ရှိကာလမှာ ရုတ်တရက် ပြန်လည်အသက်ဝင်လာခဲ့ပါတော့တယ်။ခေတ်သစ်ရဲ့အထူးချွန်ဆုံးပန်းပုဆရာမဖြစ်တဲ့ Nie Jiu Luoက Tangled Army ရဲ့မျိုးဆက်ဖြစ်ပေမဲ့ သာမန်ဘဝမှာသာ နေထိုင်နေသူတစ်ယောက်ပါ။ ဒါပေမဲ့  မူလဇာတိအမှတ်လက္ခဏာကြောင့် အတိတ်နဲ့ ဆက်နွယ်မှုတွေကို ရှောင်လွှဲလို့မရဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ Yan Tuo ဆိုတဲ့ လူငယ်သူ‌ဌေးတစ်ဦးကလဲ Lin Xi Rou အမည်ရှိအမျိုးသမီးတစ်ဦး ထိန်းချုပ်ထားတဲ့သူ့မိသားစုနဲ့ပတ်သက်ရာပတ်သက်ကြောင်းအမှန်တရားကို မရမကရှာဖွေနေပါတယ်။ဒီလိုမျိုးဘဝဇာတ်ကြောင်းက နက်နဲဆန်းကြယ်တဲ့သူတို့နှစ်ဦးတွေ့ဆုံမိရာကနေ ကံကြမ္မာတွေဟာ ယှက်နွယ်လာပြီး တစ်ဦးနဲ့တစ်ဦးငြိတွယ်တွန်းကန်မိသွားပါ‌တော့တယ်။ နှစ်ဦးသားပူးပေါင်းပြီးTangled Army ရဲ့လျှို့ဝှက်ချက်တွေနဲ့ Lin Xi Rou နောက်ကွယ်ကအမှန်တရားကိုစတင်စူးစမ်းကြရာမှ သူတို့စိတ်ကူးထက် ကျော်လွန်တဲ့ကမ္ဘာတစ်ခု earth owlဆိုတဲ့သတ္တဝါတွေရဲ့လျှို့ဝှက်ချက်၊ နက်နဲလှတဲ့စွမ်းအားတွေနဲ့ ထာဝရရှင်သန်ခြင်းတို့ကြားထဲရောက်ရှိသွားချိန်မှာတော့...လျှို့ဝှက်ချက်တွေက သူတို့ကို အကူအညီဖြစ်စေမှာလား?Yan Tuo ကရော သူ့မိသားစုရဲ့နောက်ကြောင်းကို ရှာနိုင်ပါ့မလား??နက်နဲဆန်းကြယ်မှုတွေကြားမှာ နှစ်ဦးသားရဲ့နှလုံးသားဟာလဲ ပကတိဖြူစင်နိုင်ပါအုံးမလား??? စတဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေနဲ့ ကြည့်ရှုသူရဲ့စိတ်အာရုံကိုဆွဲငင်သွားမှာမို့ Love onTurquoise Land ဆိုတဲ့ series ကို မဖြစ်မနေစောင့်မျှော်အားပေးကြဖို့ ညွှန်းလိုက်ရပါတယ်...။