Star Wars: Visions FHD

Star Wars: Visions

Star warလို့ဆိုတာနဲ့ မသိသူမရှိလောက်ဘူးထင်ပါတယ်။ Monsterတွေ Alien တွေကိုသာအသားပေးရိုက်ကူးနေတဲ့ sci-fi နယ်ပယ်မှာ sci-Space fantasy ဇာတ်လမ်းအသွားအလာနဲ့လမ်းဖောက်ပစ်ခဲ့ပြီး ရုပ်ရှင်လောကကိုကိုင်လှုပ်သွားခဲ့တဲ့ legendary sci-fiဇာတ်ကားပါ။အခုထွက်ရှိလာတဲ့ Star War:Vision ကလည်း Animation Studioပေါင်းများစွာက အတော်ဆုံးAnimation creators တွေကနေ ဖန်တီးထားတဲ့ animation short film seriesတစ်ခုဆိုတော့....ဖန်တီးထားတဲ့ studio တွေကလည်း Kamikaze Douga , Trigger, Studio Colorido, KinemaCitrus, Science Saru, Production I.G စတဲ့ Japanese animeလောကမှာနာမည်ကြီးတဲ့ studiosတွေကပူးပေါင်းရိုက်ကူးထားပြီး Disney+ကထုတ်လွှင့်ထားတာပါ။စတူဒီယိုပေါင်းစုံရဲ့လက်ရာတွေနဲ့ နာမည်ကြီး Love Death + Robots စီးရီးလို တစ်ပိုင်းကို animationစတိုင်တစ်မျိုးစီထူးခြားနေမှာပါ။ ပိုထူးခြားတာက မူရင်း Starwars universe နဲ့ မချိတ်ဆက်ပဲ တစ်ပိုင်းကိုသီးသန့်ကမ္ဘာတစ်မျိုးစီဖြစ်တာမို့ ဒီစီးရီးကိုကြည့်ဖို့ အရင် Starwars မူဗီတွေဘာတွေကို ကြည့်ထားစရာမလိုပါဘူး။ဥပမာ အပိုင်း၁ဟာ Kurosawa ရဲ့ခေတ်က ဂျပန်ဆာမူရိုင်းရုပ်ရှင်တွေလို အဖြူအမဲနဲ့ ဆာမူရိုင်းခေတ်မှာအခြေတည်ထားပြီး သာမန်ဓားအစား Lightsaber တွေ Force တွေဖြစ်နေတာပါ။ဂျပန် anime စတူဒီယိုတွေရဲ့လက်ရာနဲ့ ဂျပန်စကားပြောနဲ့လည်းကြည့်ရမှာမို့ anime ပရိတ်သတ်တွေရောStarwars ပရိတ်သတ်တွေပါ အားရစေမှာအမှန်ပါ။ စုစုပေါင်း(၉)ပိုင်းထွက်ရှိပြီး တစ်ခါတည်းတင်ဆက်ပေးထားတာမို့ ကဲအခုပဲကြည့်လိုက်ကြပါတော့...