သတင်းစထွက်ကတည်းက အတော်လေးဟော့နေတဲ့ Pitbabe CP Pooh-Pavel ရဲ့ အလန်းဇား BL Horror လေး Halloween Day အမီ ထွက်ရှိလာပါပြီ။Pitbabe မှာ ရိုခဲ့ချိုခဲ့တဲ့ ပါပါးနဲ့မာမားတို့ ဒီဇာတ်ကားလေးမှာရော ဘယ်လိုကမ်မီကြဦးမလဲ ရှုစားကြပါဦး။ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာနကို ၂ နှစ်အကြာမှာ ပြန်ပြောင်းလာတဲ့ဒုရဲအုပ်စင်ဟာကို စောင့်ကြိုနေတဲ့ ၇ လောင်းပြိုင်လူသတ်မှုကြီးစွန့်ပစ်ဈေးဝယ်စင်တာက သစ်ပင်ကြီးမှာ တွဲလောင်းချိတ်ထားတဲ့အလောင်း ၇ လောင်းနဲ့ ရဲတွေရောက်လာချိန်မှာ အလောင်းတွေနားမှာ ရူးသလိုကြောင်သလိုနဲ့စိတ်နဲ့လူနဲ့မကပ်တဲ့ကောင်လေးတစ်ယောက်ကိုတွေ့တော့ စင်ဟာတို့လည်း စခန်းကိုခေါ်သွားတာပေါ့။ဒါပေမဲ့ စစ်ဆေးပြီးတဲ့နောက်မှာ ဒီကောင်လေးက ထူ့ပ်လိုခေါ်တဲ့ ဘုန်းကြီးကျောင်းသားလေးဖြစ်ပြီး သူသရဲတွေမြင်နေရပါတယ်လို့ တွင်တွင်ပြောနေတော့ စင်ဟာအတွက်ခေါင်းကိုက်စရာတိုးလာတဲ့အပြင် စင်ဟာနားမှာရှိနေရင် သရဲတွေမလာဘူးဆိုပြီး ထူ့ပ်တစ်ယောက် ကြောင်ပေါက်လေးလို ကပ်နေချိန်မှာတော့...ဒီအမှုကရော လူတွေထင်နေသလို အောက်လမ်းအတတ် စုန်းအတတ်နဲ့ဆက်စပ်နေသလား။ ထူ့ပ်ကရော မျက်မြင်သက်သေလား လူသတ်သမားလား။ ဒုရဲအုပ်စင်ဟာတစ်ယောက်အမှုကိုဘယ်လိုဖြေရှင်းသွားမလဲဆိုတာ ရှုစားကြပါဦး။