Back for You 逆时而来的你 FHD

Back for You 逆时而来的你

Sci-Fi & Fantasy FHD 2025-11-17 8.3

ယွီရှင်းချန်က သူ့အချစ်ဦး စူးရော့ကွယ်လွန်သွားကြောင်းသိလိုက်ရပြီး မကြာခင်မှာပဲ ဆယ့်ငါးနှစ်တာကာလဖြစ်တဲ့အတိတ်ကို ပို့ဆောင်ပေးတဲ့ အချိန်ရေစီးကြောင်းထဲရုတ်တရက်ရောက်ရှိသွားခဲ့ပါတယမ။ ဒီလိုနဲ့ အတိတ်ကိုပြန်ရောက်သွားတဲ့ ရှင်းချန်တစ်ယောက် အထက်တန်းကျောင်းကိုပြန်ရောက်တဲ့အခါ နုနုနယ်နယ် ၁၈ နှစ်အရွယ် စူးရော့နဲ့ထပ်ဆုံခဲ့ရပါတယ်။ ငယ်ရွယ်စဉ်ကမေ့ခဲ့တဲ့အခိုက်အတန့်တွေကို ပြန်လည်သတိရမိသွားချိန်မှာတော့ ရှင်းချန်ဟာ စူးရော့ရဲ့ကံကြမ္မာနဲ့ပတ်သက်တဲ့သဲလွန်စတွေကို အရိပ်အမြွက်ပြခဲ့ပါတယ်။အဲဒါအပြင် အတိတ်နဲ့ပစ္စုပ္ပန်ကြားမှာရောက်ရှိနေတဲ့ရှင်းချန်က ချစ်ရသူကိုထာဝရမဆုံးရှုံးခင် စူးရော့သေဆုံးခြင်းရဲ့လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းဖို့နည်းလမ်းရှာပါတော့တယ်။စူးရော့ရဲ့သေဆုံးမှုက တကယ်ပဲမရိုးရှင်းဘူးလား၊ ရှင်းချန်ကရော အတိတ်မှာပဲထာဝရပိတ်မိသွားမလား...ဒီလိုအတွေးများခေါင်းစားစေမဲ့စီးရီးမို့ အချစ်ကားရိုအီတာချည်းပဲမကြည့်ချင်ရင်ဒီစီးရီးလေးကိုအားပေးကြဖို့ ညွှန်းလိုက်ပါတယ်နော်!