Spartacus: House of Ashur FHD

Spartacus: House of Ashur

Drama Action & Adventure FHD 2025-12-05 1

ရောမခေတ် ကော်လီစီယံသတ်ကွင်းကြီးထဲက အကြမ်းဆုံး ဂလက်ဒီရိတ်တာတွေ  တိုက်ခိုက်သတ်ဖြတ်ကြတဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်...ထွက်ရှိပြီးသား Gladitor  ကားတွေရဲ့ မတိုင်ခင်အချိန်ကို ဇာတ်လမ်းတည်ထားပြီးပုန်ကန်သူ စပါတာကတ်စ်အဖွဲ့သေဆုံးပြီး ရီပါ့ဘလစ် ရောမသားတွေ အားကောင်းလာတဲ့အချိန်ကို စထားပါတယ်..သူတို့ရဲ့ ထုံးစံအရ သဲကွင်းကြီးထဲမှာသတ်ဖြတ်ပြီး အနိုင်ယူနိုင်သူဟာ ကျွန်ဘဝကလွတ်လပ်ပြီး Free man  တစ်ယောက်ဖြစ်လာစေပါတယ်..ဒီအတွက်  Gladitor  ဟာ အားကစားတစ်ခုဆိုတာထက် အိမ်တော်တွေရဲ့ ဂုဏ်ကိုလည်း ဆောင်နေတဲ့ ယဉ်ကျေးမှုဖြစ်လာတယ်..ဒီထဲမှာမှာ ဘာတီးယက်စ်အိမ်တော်ကျရှုံးပြီး တက်လာတဲ့ အာရှာဟာ အိမ်တော်တွေထဲမှာ အင်အားအနည်းဆုံးဖြစ်နေတယ်..သူကိုယ်တိုင်လည်းစစ်သည်တစ်ယောက်ဖြစ်ခဲ့တာကြောင့် ဒီသတ်ကွင်းတွေထဲမှာ အိမ်တော်ရဲ့ နာမည်ကို အဖက်ဆယ်ဖို့ကြိုးစားနေပေမဲ့ သူ့ကိုယ် ကိုစားပြုတဲ့ချန်ပီယံတိုက်ခိုက်ရေးသမားတွေက မအောင်မြင်ခဲ့ပါဘူး..တစ်နေ့တော့ ယောက်ျားတွေသတ်ဖြတ်ကြီးစိုးတဲ့ အားကစားမှာ..နေပယ်ကလာတဲ့ အာဂအမျိုးသမီးတစ်ယောက်ကို တွေ့သွားပြီး သူ့ရဲ့ ချန်ပီယံဖြစ်ပေးဖို့ ကြိုးစားပါတော့တယ်....