ဟန်ထယ်ဂျူ (Jung Kyoung-Ho) ဟာ မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးဆောင်နေသူဖြစ်ပါတယ်။ အတွေ့အကြုံပေါင်းများစွာလည်း ရှိပြီး လူတွေထက် အချက်အလက်တွေကိုပဲ ပိုလိုက်နာယုံကြည်တဲ့ လူ့ဂွစာလို့လည်း ပြောလို့ရတာပေါ့။ တစ်နေ့မှာ ကွင်းဆက်လူသတ်သမားနောက်ကို လိုက်ရင်းနဲ့ မတော်တဆတစ်ခုဖြစ်ပြီး ပြန်လာနိုးလာတဲ့အချိန်မှာ ၁၉၈၈ ခုနှစ်ကို ရောက်ရှိနေပါတော့တယ်။ မြို့ငယ်လေးတစ်ခုရဲ့ ရဲစခန်းမှာ အဖွဲ့ခေါင်းဆောင်အနေနဲ့ ရောက်ရှိသွားတဲ့သူဟာ သူ့ရဲ့အိမ်ကိုပြန်ရောက်ဖို့ ဘယ်လိုတွေ ကြိုးစားပြီးတော့ အမှုတွေကို ဖော်ထုတ်သွားမလဲဆိုတာကို လျှို့ဝှက်နက်နဲစွာဖြင့် ကြည့်ရှုရမဲ့ မှုခင်းကားကောင်းလေးဖြစ်တာကြောင့် ညွှန်းဆို တင်ဆက်ပေးလိုက်ရပါတယ်။