ထန်မင်းဆက်အစောပိုင်းကာလမှာ ကြီးကျယ်ခမ်းနားလှတဲ့ချန်အန်းမြို့တော်ဟာ အမှောင်ထုတွေဖုံးလွှမ်းနေတဲ့အပြင် ဆန်းကြယ်တဲ့ကိစ္စတွေနဲ့ ပြည့်နှက်နေပါတယ်။ အပြင်ပန်းအရတော့သာယာစည်ပင်ပုံရတဲ့ချန်အန်းမှာ မကောင်းမှုအမှောင်ထုကကြီးစိုးနေတာမို့ ထူးခြားဆန်းကြယ်မှုတွေက တစ်စထက်တစ်စများပြားလာပါတော့တယ်။ အဲလိုသွေးထွက်သံယိုမှု၊ထူးခြားဆန်းကြယ်မှု၊ ရုန်းရင်းဆန်ခတ်မှုတွေကြားမှာ အန္တရာယ်ရှိတဲ့အရာတစ်ခုက ပုန်းလျှိုးကွယ်လျှိုတည်ရှိနေခဲ့ပါတယ်။ အဲလိုဆန်းကြယ်မှုတွေကို လူလင်ဖုံးတို့အဖွဲ့က အဖြေလိုက်ရှာရင်း ပုန်းကွယ်နေတဲ့အရာကို ထိမိမှန်းမသိထိမိလိုက်ချိန်မှာတော့...ချန်အန်းရဲ့ဆန်းကြယ်မှုတွေဟာ လူလုပ်တာလား?ဒါမှမဟုတ် မိစ္ဆာလက်ချက်လား??ဆန်းကြယ်မှုကြားမှာ ပုန်းအောင်းနေတဲ့အန္တရာယ်ဆိုတဲ့အရာကရော တကယ်တမ်းကျ ဘာဖြစ်နေမှာလဲ...ဒီလိုစိတ်ဝင်စားစရာဇာတ်ကြောင်းအစုံစုံကိုကြည့်ရှုရင်းခေတ္တခဏစုံထောက်လုပ်ချင်ရင်တော့ ဒီစီးရီးက မဖြစ်မနေကြည့်သင့်တဲ့စီးရီးတွေထဲကတစ်ခုပါပဲ!