မာစီတို့မိသားစုက အောက်ခြေလူတန်းစားတွေစုနေကြတဲ့ အိမ်တန်းလျားလေးမှာနေကြတာ။မာစီက ကလေးတစ်ယောက်ဖြစ်ပေမဲ့ စာကြိုးစားပြီး အေးအေးဆေးဆေးနေတတ်တဲ့ကလေးမလေးမို့ပတ်ဝန်းကျင်ကလူတိုင်းက ချစ်ကြတာပေါ့။မာစီ့အဖေက အရက်သမား၊ အမေဖြစ်သူက ဘာသာရေးကိုင်းရှိုင်းတဲ့သူတစ်ယောက်။မာစီက သူတို့အိမ်တန်းလျားအပေါ်ထပ်မှာနေတဲ့ သူငယ်ချင်းရာဟူးလ်ရယ် ရာဟူးလ်ခွေးလေးဂျက်ကီရယ်နဲ့ပြေးလွှားဆော့ကစားနေကျ။တစ်နေ့တော့ အမေဖြစ်သူ ဘုရားကျောင်းကပြန်လာချိန် မာစီတို့အိမ်ခန်းလေးရှေ့မှာအဖေဖြစ်သူအရက်သမားက ခေါင်းဒဏ်ရာနဲ့သေဆုံးနေပြီး မာစီလေးကပျောက်နေခဲ့တယ်။သဲလွန်စလည်း ဘာမှမည်မည်ရရမရှိဘဲ မာစီတစ်ယောက် ဘယ်လိုပျောက်သွားပြီးအဖေဖြစ်သူကရော ဘာကြောင့်သတ်ခံရလဲဆိုတာကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့အပိုင်း(၇)ပိုင်းနဲ့ ရုပ်သံစီးရီးကို တင်ဆက်ပေးလိုက်ပါတယ်။