ဒီဇာတ်လေးကတော့ သဘာဝလွန်စွမ်းအားရှိတဲ့ ဆိုလာ့ ဆိုတဲ့ လူတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်..... ဆိုလာ့က သူငယ်စဉ်ကတည်းကသဘာဝလွန်စွမ်းအားတွေရှိလို့ သူ့အဖေကသူ့ကိုမကောင်းဆိုးဝါးလို့ထင်သွားခဲ့ပါတယ်။ ဆိုလာ့ စိတ်တိုတာပဲဖြစ်ဖြစ် တစ်ခုခုကြောင့်စိတ်ရှုပ်လာပြီဆိုရင် လူတွေကို အန္တရာယ်ပေးနိုင်တဲ့အထိ စွမ်းအားတစ်ခုရှိတယ်....တစ်နေ့မှာတော့ဆိုလာ့ရဲ့အဖွားမဆုံးခင်ချိန်လေးမှာ ဆိုလာ့ရဲ့အဖွားက ဆိုလာ့ကို မျက်နှာဖုံးတစ်ခုကိုလက်ဆောင်ပေးခဲ့ပါတယ်။ ဆိုလာ့အဖွားဆုံးပြီးနောက်နေ့မှာ ဆိုလာ့ ကျောင်းသွားတော့ကျောင်းမှာရှိတဲ့ သူ့အတန်းဖော်က ဆိုလာ့မျက်နှာဖုံးကိုလုသွားပါလေရော အဲဒါနဲ့ ဆိုလာ့က ပြန်တောင်းတော့ ပြန်မပေးဘဲ အဲဒီ မျက်နှာဖုံးကို ဆွဲလုရင်း နှစ်ခြမ်းကွဲသွားတော့ ဆိုလာ့စိတ်ဆိုးပြီးသူ့စွမ်းအားနဲ့ သူ့ရဲ့အတန်းဖော်ကို လည်ပင်းညစ်လိုက်ပါတော့တယ်။ ဒါမဲ့အဲဒီအတန်းဖော်က အသက်ဆုံးရှုံးသွားတဲ့ထိတော့မဖြစ်ခဲ့ပါဘူး။ နောက်နေ့မှာတော့ ကျောင်းအုပ်ကြီးက ဆိုလာ့ကိုဒီကျောင်းကိုဆက်ပြီးတက်ခွင့်မပေးတော့ပါဘူး။ဆိုလာ့အဖေကလည်း ဆိုလာ့ကိုစိတ်တိုပြီး အခန်းထဲပိတ်လှောင်ထားလိုက်တယ်။ အဲဒီချိန်မှာ ဆိုလာ့အမေက ဆိုလာကို သွားကြည့်မယ်ဆိုပြီး သွားတော့ အဖေက အဲဒီကလေးကငါတို့သားမဟုတ်ဘူးမကောင်းဆိုးဝါးကောင်ပဲ သူ့ဆီမသွားနဲ့ပြောတယ် အဲဒါကို ဆိုလာ့က ကြားပြီး သူကမကောင်းဆိုးဝါးမဟုတ်ဘူးလို့ဆိုကာ စိတ်တွေရှုပ်ထွေးလာပြီးအခန်းထဲမှာရှိသမျှပစ္စည်းတွေက လည်း လေပေါ်မြောက်တက်တာတွေမြောက်တက် ကွဲတာတွေကွဲဖြစ်နေတဲ့အချိန် ဆိုလာ့ အမေက အခန်းထဲဝင်သွားတော့ ဖန်ကွဲစတွေကဆိုလာ့အမေနဖူးကိုထိသွားတော့တယ်....ဆိုလာ့အဖေကလည်း သည်းမခံနိုင်တော့တဲ့အဆုံး ဆိုလာ့ ဦးလေး ဆိုဂျီကို ခေါ်ပြီး ဆိုလာ့ကို JTSDလို့ခေါ်တဲ့နည်းပညာပိုင်းဆိုင်ရာဌာနမှာ ကုသမှုခံယူဖို့ လာခေါ်ခိုင်းပါတော့တယ်....နောက်ဆုံးမှာ ဆိုလာ့က ကုသမှုခံယူတာအောင်မြင်မလားဆိုတာ ဒီဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ကြရအောင်.................