လူသားမျိုးနွယ်နဲ့မိစ္ဆာမျိုးနွယ်တို့ဟာ "ကျောက်စိမ်းနတ်ရေစင်" ကို ကိုယ်စီပိုင်ဆိုင်လိုကြတဲ့အာသီသကြောင့် နှစ်ပေါင်းရာချီအောင်တိုက်ခိုက်လုယက်ရင်း သံသရာလည်နေခဲ့ကြပါတယ်။ကံတရားအလှည့်အပြောင်းကြောင့် သွက်လက်ထက်မြက်တဲ့မိန်းမပျိုလေး ရှောင်ယောင်းဟာ မိစ္ဆာသောင်းချီတောင်ကြားကိုခြေချမိရာမှ မိစ္ဆာလောကတစ်ခုလုံးကိုဇောက်ထိုးမိုးမျှော်ဖြစ်အောင်မွှေနှောက်လိုက်မိသလိုဖြစ်သွားခဲ့ပါတယ်။ အဲအချိန်ကစပြီး ထူးဆန်းတဲ့ခရီးတစ်ခုကလည်း သူ့ဘဝမှာ သက်ဝင်စတင်လာခဲ့ပါတော့တယ်။တစ်ဖက်မှာလည်း မိစ္ဆာအပေါင်းရဲ့အရှင်သခင်၊ လူသားတွေထိတ်လန့်ကြောက်ရွံ့ရတဲ့ မိစ္ဆာဘုရင် ဟုန်ယဲ့က သူ့ပိုင်နက်နယ်မြေကိုကာကွယ်ဖို့တစ်ကျော့ပြန်ပြန်လည်မွေးဖွားလာခဲ့ချိန်ဖြစ်နေပါတယ်။ ဟုန်ယဲ့ဟာ လောကဓံတရားရဲ့အနိမ့်အမြင့်တွေကို ကြိတ်မှိတ်ခံစားခဲ့ရတာမို့ သက်ရှိအားလုံးရဲ့အားနည်းချက်အကုန်လုံးကိုကောင်းစွာနားလည်ထားသူဖြစ်ပြီး "ကျောက်စိမ်းနတ်ရေစင်" ဆိုတာဟာလည်း လောဘရမ္မက်ပေါင်းစုံရဲ့အဆီအနှစ်ဖြစ်ကြောင်း သိရှိထားခဲ့ပါတယ်။ကံတရားရဲ့ဆုံဆည်းစေမှုလို့ပဲဆိုရမလား ဟုန်ယဲ့ဟာ ရှောင်ယောင်းနဲ့ အမှတ်မထင်တွေ့ဆုံခဲ့မိပါတယ်။ သူတို့အတူရှိနေချိန်ကာလအတွင်းဘာလောဘဇောမှမရှိတဲ့ရှောင်ယောင်းရဲ့အဖြူထည်နှလုံးသားကိုမြင်တွေ့သွားပြီး တဖြည်းဖြည်း သံယောဇဉ်တွယ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ နှစ်ဦးသားလက်တွဲပြီးလျှို့ဝှက်ဆန်းကြယ်အမှုအခင်းတွေကိုရင်ဆိုင်ဖြေရှင်းရင်း ဘယ်သူမှန်းမသိရတဲ့ အင်အားကြီးပြိုင်ဘက်တစ်ဦးနဲ့ ရင်ဆိုင်ရလာချိန်မှာတော့...အင်အားကြီးပြိုင်ဘက်ကို နှစ်ဦးသား အနိုင်ယူနိုင်မလား?ကံပါလို့တွေ့ဆုံခဲ့ရတဲ့ သူတို့နှစ်ဦးရဲ့ချစ်ကြိုးနီသံယောဇဉ်က အဆုံးထိခိုင်မြဲနေမလား??ကျောက်စိမ်းနတ်ရေစင်နဲ့ရှောင်ယောင်းကြားမှာရော ဆက်နွယ်မှုတွေရှိနေဦးမှာလား???မျိုးနွယ်မတူတဲ့အခြေအနေက သူတို့နှစ်ဦးရဲ့ချစ်မေတ္တာကို ပြတ်တောက်စေမှာများလား...ဒီလိုမျိုး တစ်ခန်းမှကျော်ကြည့်ပစ်စရာမရှိအောင် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းစေမှာမို့နောင်မှတတဲ့နောင်တမရချင်ရင် ဒီစီးရီးကို အားပေးကြည့်ရှုကြဖို့ မမေ့နဲ့နော်...!