The Truth Within 剥茧 FHD

The Truth Within 剥茧

Crime Drama Mystery FHD 2025-12-29 8.3

တော်ဝင်စာ‌မေးပွဲမှာ ပထမအဆင့်ကနေအောင်ခဲ့တဲ့ သခင်ငယ်လေးလုကျန်းလိုင်ဟာ ရာဇဝတ်‌ရေးရာတရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့ခရီးနှင်နေရင်းမိန်းမဖြစ်သူကိုသတ်တဲ့အမှုတစ်ခုထဲ ပါဝင်ပတ်သက်လိုက်မိပါတယ်။ အဲလိုငြိစွန်းပတ်သက်ခဲ့မှုကြောင့် အရာရှိအသိုင်းအဝိုင်းရဲ့ကြယ်ပွင့်လေးအဖြစ်ကနေကူကယ်သူမရှိတဲ့အခြေအနေသို့ချက်ချင်းရောက်ရှိသွားခဲ့ရှာပါတယ်။ လုကျန်းလိုင်းခမျာ ဒဏ်ရာဒဏ်ချက်တွေနဲ့ထွက်‌ပြေးလာရင်း သတိလစ်မေ့မြောသွားချိန်မှာ လက်ဖက်ဘုရင်ရဲ့သမီးရုန်ရှန်ပေါင်က တွေ့မိရာကနေ သူ့အသက်ကို ကယ်ထား‌ပေးခဲ့ပါတယ်။သေမင်းခံတွင်းဝကနေ ခက်ခက်ခဲခဲပြန်ရှင်သန်လာတာမို့ လုကျန်းလိုင်ဟာ သူ့အတွက်တရားမျှတမှုကိုပြန်ရှာဖွေဖို့ကြိုးစားပါတော့တယ်။တကယ်တမ်းတော့ ရုန်ရှန်ပေါင်ဟာ မောက်မာပြီးအထက်စီးဆန်တဲ့အပြင် မိသားစုကြားကအချင်းကိစ္စတွေကြောင့် လုကျန်းလိုင်ကို အမြင်မကြည်နေပါဘူး။အမြင်မကြည်တာမို့ထက်မြက်လှတဲ့သခင်လေးကို အစေခံအဖြစ်လုပ်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ အမှုမှန်နဲ့တရားမျှတမှုကိုရှာဖို့ အတိတ်မေ့ချင်ယောင်ဆောင်နေတဲ့လုကျန်းလိုင်နဲ့မာနအိုးသခင်မလေးရုန်ရှန်ပေါင်တို့ဟာ မသိလိုက်ခင်မှာပဲ တစ်ယောက်ပေါ်တစ်ယောက်မေတ္တာယိုဖိတ်ချစ်စိတ်ဝင်သွားခဲ့ချိန်မှာတော့.....ပဟေဠိတွေ၊ ဆန်းကြယ်လျှို့ဝှက်မှုတွေကြားကနေအမှန်တရားကို နှစ်ဦးသား ဖြေရှင်းဖော်ထုတ်နိုင်ပါ့မလား?မိသားစုကြားကအရေးကိစ္စကရော ရှန်ပေါင်ထင်ထားသလိုမျိုးပဲလား??ရန်သူကနေ ချစ်သူအဖြစ်ကို သူတို့နှစ်ဦးသားလီချန်ပြည်သူ့ရဲဌာနရဲ့အသက်အငယ်ဆုံး မှုခင်းဆေးဆရာဝန်ဖြစ်တဲ့ ချီစစ်ကျယ်ဟာ ယာဉ်မတော်တဆမှုတစ်ခုမှာ ချစ်ရသူကောင်မလေး ယွီ‌ဖေးကို ဆုံးရှုံးလိုက်ရပါတယ်။ ဒါပေမဲ့မထင်မှတ်စွာဘဲ အဲမတော်တဆမှုက သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ ကြိုတင်ကြံစည်ထားတာဖြစ်ပြီး နောက်ကွယ်မှာကြိုးကိုင်သူတွေရှိမှန်း သူ သိလိုက်ရပါတယ်။ ဒါကြောင့် ဟယ်ချန်ပြစ်မှုစစ်ဆေးစုံစမ်းရေးအဖွဲ့နဲ့ပူးပေါင်းပြီး အမှန်တရားကို စတင်ရှာဖွေဖို့လုပ်ခဲ့ပါတယ်။ အဲလိုစုံစမ်းရာကနေ ခန္ဓာကိုယ်ကို ပင့်ကူမျှင်တွေနဲ့ရစ်ပတ်ခံထားရတဲ့ထူးဆန်းအလောင်းတစ်ခုကိုတွေ့မိရာမှ သူရှာနေတဲ့အမှန်တရားဟာ ထင်ထားတာထက်ရှုပ်ထွေးပွေလီမှန်း နားလည်လိုက်ပါတော့တယ်။ အဲလိုနဲ့ ယွီဖေးသေဆုံးမှုရဲ့နောက်ကွယ်ကအမှန်တရားကိုဆက်လက်ရှာဖွေရာမှ သေစေနိုင်တဲ့မူးယစ်ဆေးတစ်မျိုးနဲ့ဆက်နွယ်နေမှန်း သိလိုက်ရတဲ့အခါ...ချစ်သူကောင်မလေးရဲ့သေဆုံးမှုက မူးယစ်ဆေးနဲ့ဘယ်လိုဆက်စပ်နေလဲ?သူရှာနေတဲ့အမှန်တရားကိုရော ဖော်ထုတ်နိုင်မလား??အမှန်တရားရှာဖွေရာလမ်းမှာ ဆန်းကြယ်လှတဲ့ဘယ်လိုအမှုတွေက သူ့ကိုစောင့်ကြိုနေမှာလဲ???ရင်တထိတ်ထိတ်နဲ့ဦးနှောက်စားရမှာကြိုက်ရင်တော့ The Truth Within က လက်မလွှတ်တမ်းကြည့်ရှုရမဲ့စီးရီးပါပဲနော်...! ကလိကလိဖြစ်ရင်း ကြည့်ရှုခံစားပေးလိုက်ကြပါဦး ပရိသတ်ရေ...!